ဇိုမီးတိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်ရေးရရှိအောင် ဆောင်ရွက်သွားမယ်လို့ ZNP ပါတီမဲဆွယ်
Автор: Chin World Media
Загружено: 2025-11-24
Просмотров: 262
နိုဝင်ဘာလ ၂၄ ရက်။
နိုဝင်ဘာလ ၂၃ ရက် ညက MRTV မှာထုတ်လွှင့်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၏ ဟောပြောချက်အစီအစဉ်မှာ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ဇိုမီးအမျိုးသားပါတီ(ZNP)ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဒေါ်ကိုင်းအင်းကျိန်က ဇိုမီးအမျိုးသားပါတီ အနေဖြင့် ဇိုမီးတိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်ရေးရရှိ အောင် ဆောင်ရွက်သွားမယ်လို့ မဲဆွယ်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ ဇိုမီးအမျိုးသားပါတီ၏ နိုင်ငံရေး သဘောထား ရပ်တည်ချက်များမှာ ဇိုမီးတိုင်းရင်းသားများ အပါအဝင် မြန်မာပြည်တွင် မှီတင်းနေထိုင်သော တိုင်းရင်းသား အားလုံးတို့၏ နိုင်ငံရေးအရ တန်းတူညီမှု ရရှိဖို့နဲ့ အနှစ်သာရ ပြည့်ဝသော ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ် ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် သက်ဆိုင်ရာ အင်အားစု အသီးသီးတို့နဲ့ လက်တွဲ အကောင်အထည်ဖော် တည်ဆောက်ဖို့ ကြိုးစား ဆောင်ရွက်သွားရန် ဖြစ်တယ်” လို့လည်း ဒေါ်ကိုင်းအင်းကျိန်မှ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် “မိမိတို့ ပါတီ အနေဖြင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းများဖြင့် တည်ဆဲ ဥပဒေဘောင်များ အတွင်း၌သာ အဖြေရှာ နိုင်မည် ဟု အခိုင်အမာ ယုံကြည်တယ်” လို့ လည်း ZNP ပါတီရဲ့ဟောပြောချက်မှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
ထို့နောက် ဒေါ်ကိုင်းအင်းကျိန်မှာ ဇိုမီးအမျိုးသားပါတီ၏ အခြေခံမူ (၅)ရပ်၊ ရည်ရွယ်ချက် (၇) ရပ် နှင့် လုပ်ငန်းစဉ် (၄) ရပ်တို့ကိုလည်း မဲဆွယ်ရာမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
စစ်ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်က လွှတ်တော် ၃ ရပ်အတွက် စုစုပေါင်းကိုယ်စားလှယ် နေရာ ၂၈ နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ခူမီးအမျိုးသားပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၈၃ ဦးက ယှဉ်ပြိုင် အရွေးခံကြမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲ ပထမပိုင်းကို ချင်းပြည်နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ဟားခါးမြို့နဲ့ တီးတိန်မြို့တို့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
#ZNP #ဇိုမီးအမျိုးသားပါတီ #ZomiNationalParty #မြန်မာရွေးကောက်ပွဲ2025 #ဇိုမီးလူမျိုး #သွေးစည်းညီညွတ်ရေး #Unity #မဲဆွယ်စကား #ချင်းပြည်နယ် #ChinState
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: