Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ၁၄ခု သိမ်းဆည်းရမိတဲ့အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းကိုVOMရဲ့မေးမြန်းချက်

Автор: Voice Of Myanmar

Загружено: 2026-01-24

Просмотров: 80224

Описание:

ပမာဏအများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၁၄ ခု သိမ်းဆည်းရမိတဲ့အ​ပေါ် ဗိုလ်ချုပ်​ဇော်မင်းထွန်းကို VOM ရဲ့​မေးမြန်းချက်

ဇန်နဝါရီ၊ ၂၄- ၂၀၂၆
Voice Of Myanmar

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တဲ့ နေရာ ၁၄ ခု ဖော်ထုတ် ဖမ်းဆီးရမှုတွေအကြောင်းကို ဒီကနေ့ ဇန်နဝါရီ လ ၂၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ပြီးတော့ နိုင်ငံတကာမူးယစ်တိုက်ဖျက်​ရေးအဖွဲ့ဝင်​တွေ အိမ်နီးနားချင်းနိုင်ငံက သံတမန်​တွေ​ရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ဆို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ် အတွင်းမှာရှိတဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာ နေရာသုံးခုကို ဖော်ထုတ်ဖမ်းစီးရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ကြောင်း မသင်္ကာဖွယ်ရာ ၁၄ နေရာကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြသခဲ့တဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ၃ နေရာကို ကျွမ်းကျင်သူတွေနဲ့ အသေးစိတ်စိစစ်ခဲ့ရာမှာနေရာအမှတ် ၁ ကနေ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၉ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) အရည် ၃၀၀ လီတာ၊ဓာတုပစ္စည်း ၁၇ မျိုး၊ ဆက်စပ်ပစ္စည်း ၃၁ မျိုး၊ နေရာအမှတ် ၂ က ဓာတုပစ္စည်း ၈ မျိုးနဲ့ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ နေရာအမှတ် ၃ က အိုက်စ် (မက်သ်အဖက်တမင်း) ၂၃၄၃.၆၂ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) အရည် ၂၀၀ လီတာ၊ ဓာတုပစ္စည်း ၂၁ မျိုးနဲ့ ဆေးပြားရိုက်စက် ၃ လုံးအပါအဝင် ဆက်စပ်ပစ္စည်း ၄၀ မျိုးတိုကို အသီးသီးသိမ်းဆည်းရမိခဲ့ပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာ ၃ နေရာတို့က စုစုပေါင်းတန်ဖိုးငွေကျပ် ၆၅.၂၈၂ ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေနဲ့ဓာတုပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး အိုက်စ် (မက်သ်အဖက်တမင်း)နဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းကိရိယာ မျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့အတွင်းမှာဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ နေရာအမှတ် ၃ မှာ တွေ့ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေအပေါ် ကျွမ်းကျင်သူပညာရှင်တွေအနေနဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ အဲ့ဒီနေရာတစ်ခုထဲမှာ အိုက်စ် (မက်သ်အဖက်တမင်း)၂၇ တန်ခန့်၊ တန်ဖိုးအားဖြင့် ငွေကျပ် ၅၄၀ ဘီလီယံခန့် ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်မယ်ဆိုရင် စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်၊ တန်ဖိုးအနေနဲ့ ငွေကျပ် ၁,၆၂၀ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီနေရာမှာ Pressurize Metal Reactor ၆ လုံး က လက်ရှိအသုံးပြုနေပြီးတော့ Reactor ၃ လုံးကို ထပ်မံတပ်ဆင်နေပြီ ဖြစ်သလို မူးယစ်ဆေးဝါးအမြောက်အမြားကို တိုးမြှင့်ထုတ်လုပ်ဖို့ ဆောင်ရွက်နေတာကိုလည်း တွေ့ရှိရပါတယ်။

နေရာအမှတ် ၁ မှာ မူးယစ်ဆေးဝါးချက်လုပ်နေသူတွေကထုတ်လုပ်ပြီးသောမူးယစ်ဆေးဝါးများအားလုံးနဲ့ အရေးကြီးတဲ့ ဓာတုပစ္စည်းတွေကို ရွှေ့ပြောင်းသွားပြီး မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုမယ့် ဓာတုပစ္စည်းထားသိုရာ နေရာတွေနဲ့ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မီးမလောင်ဘဲကျန်ရှိခဲ့တဲ့ ဓာတုပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာ တွေရဲ့ အထောက်အထားတွေ အရ Pressurize Metal Reactor ၁၃ လုံး အသုံးပြုပြီး ချက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီ​နေ့ လိုက်လံပြသတဲ့ ဖမ်းဆီးထိမ်းသိမ်းပြီးမူးယစ်​ဆေးဝါးထုတ်လုပ်တဲ့အ​ကြောင်းအရာ​တွေနဲ့ ပတ်သက်ပြီး အမျိုးသားကာကွယ်​ရေးနဲ့ လုံခြုံ​ရေး​ကော်မရှင် ​ပြော​ခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​မေးမြန်းခဲ့တာကို တင်ပြလိုက်ပါတယ်။

#voiceofmyanmar #VOM #ဗိုလ်ချုပ်​ဇော်မင်းထွန်း #မူးယစ်​ဆေးအများဆုံးဖမ်းဆီးမှု #သီ​ပေါ

မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ၁၄ခု သိမ်းဆည်းရမိတဲ့အပေါ်  ဗိုလ်ချုပ်ဇော်မင်းထွန်းကိုVOMရဲ့မေးမြန်းချက်

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

$1 vs $1,000,000,000 Футуристических Технологий!

$1 vs $1,000,000,000 Футуристических Технологий!

Mąż Na Imprezie (NOWOŚĆ, 2026) | Kabaret Neo-Nówka, Kabaret Moralnego Niepokoju i Młodych Panów

Mąż Na Imprezie (NOWOŚĆ, 2026) | Kabaret Neo-Nówka, Kabaret Moralnego Niepokoju i Młodych Panów

ဓားရှစ်လက် နတ်ဘုရား ( ရှန်းရှ သိုင်းဇာတ်ကြမ်း - အပိုင်း - ၂၂) | Myanmar Network Entertainment

ဓားရှစ်လက် နတ်ဘုရား ( ရှန်းရှ သိုင်းဇာတ်ကြမ်း - အပိုင်း - ၂၂) | Myanmar Network Entertainment

Kim był Jan Kulczyk z pochodzenia? Sekret najbogatszego Polaka!

Kim był Jan Kulczyk z pochodzenia? Sekret najbogatszego Polaka!

WOŚP 2026: Zobacz ZANIM wrzucisz do puszki! Czego o Orkiestrze NIE WIESZ?

WOŚP 2026: Zobacz ZANIM wrzucisz do puszki! Czego o Orkiestrze NIE WIESZ?

VLOG 849: Czekamy na DIAGNOZĘ choroby CÓRKI 🤕 To dla nas CIĘŻKIE chwile 😢 | MARZENA I MAREK

VLOG 849: Czekamy na DIAGNOZĘ choroby CÓRKI 🤕 To dla nas CIĘŻKIE chwile 😢 | MARZENA I MAREK

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးက မဲရုံတွေလိုက်လံကြည့်ရှုပြီး မီဒီယာမေးမြန်းတွေကို ဖြေဆို

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးက မဲရုံတွေလိုက်လံကြည့်ရှုပြီး မီဒီယာမေးမြန်းတွေကို ဖြေဆို

သောင်းကျန်းသူတွေ သယံဇာတ တူးဖော်ခဲ့တဲ့ မိုးကုတ် ဂေါက်ကွင်း(ရုပ်သံ)

သောင်းကျန်းသူတွေ သယံဇာတ တူးဖော်ခဲ့တဲ့ မိုးကုတ် ဂေါက်ကွင်း(ရုပ်သံ)

🔴Arsenal vs Manchester United LIVE⚽ Premier League 2025/2026 Full Match - Simulation Video Games

🔴Arsenal vs Manchester United LIVE⚽ Premier League 2025/2026 Full Match - Simulation Video Games

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်စိုး နဲ့ တွေ့ဆုံ မေးမြန်းချက်

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်စိုး နဲ့ တွေ့ဆုံ မေးမြန်းချက်

ကျော်မျိုးမင်း (25-1-26) ICJ က လူမျိုးလိမ်ကိစ္စ အလိမ်တွေပေါ်ကုန်လို့ ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်

ကျော်မျိုးမင်း (25-1-26) ICJ က လူမျိုးလိမ်ကိစ္စ အလိမ်တွေပေါ်ကုန်လို့ ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်

သတင်းကောင်း! မြန်မာနိုင်ငံအတွက် TPS ပိတ်သိမ်းမှုကို Federal တရားရုံးမှ ဆိုင်းငံ့

သတင်းကောင်း! မြန်မာနိုင်ငံအတွက် TPS ပိတ်သိမ်းမှုကို Federal တရားရုံးမှ ဆိုင်းငံ့

​ဗန်းမောက်မှာ စစ်ရှုံးနေတဲ့ KIA ၊  PDF တွေဖော်တဲ့ PDF စခန်းတွေကို ဆက်တိုက်ကြိတ်

​ဗန်းမောက်မှာ စစ်ရှုံးနေတဲ့ KIA ၊ PDF တွေဖော်တဲ့ PDF စခန်းတွေကို ဆက်တိုက်ကြိတ်

Min Aung Hlaing

Min Aung Hlaing

Burmese Ghouls🇲🇲 vs 🇵🇭Bren Esports ( Bo7 ) | M2 World Championship Grand Final

Burmese Ghouls🇲🇲 vs 🇵🇭Bren Esports ( Bo7 ) | M2 World Championship Grand Final

Wizja Na Żywo

Wizja Na Żywo

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com