Slab သံဆင်ရာဝယ်|| Slab Reinforcement
Автор: HTP-Civil Engineering
Загружено: 2023-12-12
Просмотров: 3246
Slab တွေ သံဆင်ရာဝယ်
Slab သံချောင်းအရွယ်အစားဘယ်လောက်သုံးရမယ်
ဘယ်နေရာမှာ ဆက်ရမယ်ဆိုတာ မပြောခင်မှာ
သတိထားသိရှိရမယ့် အချက်တစ်ခုကတော့ Structure Detail Design မှာ Effective and economy အရ အရွယ်အစားမတူညီတဲ့ သံနှစ်မျိုးကို သုံးရမယ့်အခါ
ဥပမာ ငါးမူးနဲ့သုံးမူးသုံးရမယ်ဆိုရင် ပိုကြီးတဲ့ ငါးမူးဟာ အောက်အလွှာမှာ အလျားတိုတဲ့ဘက် ထားရပါမယ်။
သံက ဇကာနှစ်ထပ်ဆိုပါက စလပ်သားထု ၅လက်မဆိုကြပါစို့ တစ်ဝက်ပိုင်းလိုက်ရင် အောက်တပိုင်း၂လက်မခွဲမှာ ဆင်ထားတဲ့သံဇကာမှာ အလျားတိုတဲ့ဘက်က ငါးမူးသံချောင်းဟာ အောက်မှာထားရပြီး အလျားရှည်တဲ့ Support ထောက်မမှုဝေးတဲ့ဘက်က သုံးမူးကနေ Main bar များ နေရာမရွေ့အောင် ချည်နှောင်ပေးရမှာဖြစ်ပါတယ်။
ဒီလိုမျိုး အောက်ပိုင်း ၂လက်မခွဲမှာ Tension ဒဏ်ခံရမှုပိုများမှာ ဖြစ်တဲ့အတွက် main bar ငါးမူးကို အောက်အလွှာ အလျားတိုတဲ့ဘက်ထားပေးရတာ ဖြစ်ပါတယ်။
ဒီလိုပဲ စလပ်အပေါ်တပိုင်း ၂လက်မခွဲထုမှာ support တိုင်တွေအနားမှာ စလပ်ကအပေါ်ခုံးတက်ခြင်း Negative moment ဖြစ်နိုင်တဲ့အတွက် main bar ငါးမူးသည် အလျားတိုတဲ့ဘက် အပေါ်မှာထားရပြီး သုံးမူးကနေရာမရွေ့အောင် ချည်နှောင်ပေးရမှာဖြစ်ပါတယ်။
စလပ်ထု ငါးလက်မကို ခြုံကြည့်မယ်ဆိုရင် သံဇကာသည် ငါးမူး-သုံးမူးဇကာ အောက်တစ်ထပ် သုံးမူး-ငါးမူးအပေါ်ဇကာ တစ်ထပ် ဆိုပြီး ဇကာနှစ်ထပ်ဖြစ်သွားပါမယ်။
ဒါမျိုးစနစ်တကျသံဆက်မှသာ Function ဖြစ်ပြီး စိတ်ချရပါမယ်။ အရွယ်အစားတူညီတဲ့သံတွေမှာ ဘယ်လိုထပ်ထပ်ပြသနာမရှိပေမယ့် မတူညီတဲ့အရွယ်အစားတွေအသုံးပြုတဲ့အခါ Effective and economy ဖြစ်ဖို့ နေရာအထားအသိုမှန်ဖို့ အရေးကြီးပါတယ်။
တစ်ဆက်တည်းမှာပဲ ဇကာနှစ်ထပ်ရဲ့ အစိပ်အကျဲ ကာဗာမှန်ဖို့ လွန်စွာအရေးကြီးပါကြောင်း။
ထန်ပီး(NYRDDC,MDY)
TP-CONSTRUCTION
#construction
#htpcivilengineering #civilengineering
#slabreinforcement
#သံဆင်ခြင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: