ချင်းမိုင်သွားတောလား
Автор: cantwait2say
Загружено: 2025-11-28
Просмотров: 9729
တောင်တက်ရတာကြိုက်နှစ်သက်တဲ့ ကျွန်တော်အတွက်ကတော့ တောင်တန်းတွေပေါများရာ ချင်းမိုင်က နေချင်စဖွယ်မြို့တစ်မြို့ပါပဲ။ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ 𝐃𝐨𝐢 𝐈𝐧𝐭𝐡𝐚𝐧𝐨𝐧၊ ချင်းမိုင်မြို့ရဲ့အလှဆုံးကို ခံစားနိုင်တဲ့ 𝐃𝐨𝐢 𝐒𝐮𝐭𝐡𝐞𝐩 စတဲ့တောင်တွေဟာ တောင်တက်ဝါသနာပါသူတွေ၊ ကျွန်တော့်လို သဘာဝတရားကို မြတ်နိုးသူတွေအနေနဲ့ အရောက်သွားသင့်တဲ့ နေရာတွေပဲဖြစ်ပါတယ်။
ဒီတခေါက်ချင်းမိုင်ခရီးစဉ်လေးကတော့ ကျွန်တော့်ကမ္ဘာကြီးနဲ့ကျွန်တော်ပဲ မဟုတ်တော့ဘဲ မမျှော်လင့်ဘဲဆုံခဲ့တဲ့ 𝐌𝐚𝐞 𝐅𝐚𝐡 𝐋𝐮𝐚𝐧𝐠 က ကျောင်းနေဖက်သူငယ်ချင်း ချင်းမိုင်သူလေးကိုပါ အကူအညီတောင်းပြီး ခေါ်လာခဲ့ပါတယ်။
ချင်းမိုင်မြို့ရဲ့ညနေခင်း အလှဆုံး 𝐕𝐢𝐞𝐰 ကို ခံစားဖို့အတွက် 𝐃𝐨𝐢 𝐒𝐮𝐭𝐡𝐞𝐩 တောင်ကိုစတင်တက်ရောက်ခဲ့ရာ လမ်းမှာရှိတဲ့ 𝐖𝐚𝐭 𝐏𝐡𝐚 𝐋𝐚𝐭 ဟာဆိုရင် ဇင်းမယ်လို့ခေါ်တဲ့ ချင်းမိုင်မှာရှိတဲ့ ထိုင်းဗိသုကာနဲ့ မြန်မာဟန် မြန်မာဗိသုကာပုံစံ ပေါင်းစပ်မွမ်းမံပြီး ပြန်လည်ပြုပြင်တည်ထားတဲ့ ရှေးဟောင်းဘုရားတစ်ဆူပဲဖြစ်ပါတယ်။
𝐖𝐚𝐭 𝐏𝐡𝐚 𝐋𝐚𝐭 စေတီအဝင်ဝက မြန်မာဆန်ဆန်နဲ့ ခြင်္သေ့ရုပ်ကြီးတွေ၊ မနုဿီဟရုပ်တုတွေ၊ ရေညှိတွေတက်နေတဲ့ စေတီလေးတစ်ဆူရယ်၊ နတ်ရေကန်လေးရယ်ဟာ ကျွန်တော်တို့မြန်မာ့မြေပေါ်က သာသနိကအဆောက်အအုံတွေကိုတောင် ပြန်ပြီးအမှတ်ရသွားစေမှာပါ။
ဒီလို သဘာဝအလှတရားတွေနဲ့ လွမ်းဆွတ်ဖွယ်ရာ မြန်မာ့ရှေးဟောင်းဗိသုကာအဆောက်အအုံတွေကို တွေ့မြင်ခံစားရင်း တချိန်က ဇင်းမယ်လို့ခေါ်ဆိုခဲ့ရာ ချင်းမိုင်မြို့ရဲ့တောင်တန်းတွေဆီကို ကျွန်တော့်ရဲ့ကမ္ဘာကြီးကိုပါ ခေါ်ဆောင်သွားချင်တဲ့အတွက် “ချင်းမိုင်သွားတောလား” နဲ့အတူ လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ….
ကိုးကားချက်များ…
Chiang Mai history - The lost city of Zimmé. (Last update: Nov 18, 2025).
BC. (2018,Dec 19). [ဘုရင့်နောင်သားကိုမြှုပ်တဲ့ဘုရားနဲ့ ထိုင်းမြောက်ပိုင်းက မြန်မာအငွေ့]. BBC Burmese.
ဧရာဝတီ. (2023, December 30). ဇင်းမယ်ရဲ့ အတိတ်က အချစ်ဇာတ်လမ်းတပုဒ်. The Irrawaddy.
Siamese conquest of Lan Na (1774–1775). (February 2022). In Wikipedia. Retrieved November 27, 2025.
Chiang Mai – The old city walls, temples and museums around Chiang Mai. (Last update: Nov 22, 2025). ByteLife. Retrieved November 27, 2025.
Lan Na. (October 2011). In Wikipedia. Retrieved November 27, 2025.
Mangrai. (14 August, 2008). In Wikipedia. Retrieved November 27, 2025.
Sukhothai Kingdom. (28 September, 2019). In Wikipedia. Retrieved November 27, 2025
Thailand Tourism Directory. (2021). Attraction 331. Retrieved November 27, 2025.
Kindeeyunuea. (March 30, 2022). ข้าวมันไก่เกียรติโอชา จ.เชียงใหม่ – ที่สุดของข้าวมันไก่ เนื้อไก่นุ่มสุดชุ่มฉ่ำ [Khao man kai Kiat O Cha, Chiang Mai.
Neiffer, G. (2019, October 13). Khao soi Lam Duan Fa Ham. The Good Stuff Chiang Mai.
#cantwait2say #chiangmai #myanmar #history #culture #travel #thailand
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: