၁၈ - ၁-၂၀၂၆ (m.CDM ပြည်တွင်းသတင်းများ )
Автор: m.CDMMyanmar
Загружено: 2026-01-17
Просмотров: 6916
၁၈ - ၁-၂၀၂၆ (m.CDM ပြည်တွင်းသတင်းများ )
၁။မုံရွာနဲ့ အရာတော် မြို့နယ်မှာ စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်တပါး၊ ကလေးငယ်တဦး အပါအဝင် သုံးဦး သေဆုံး၊မုန်းမှာ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၄ ဦး သေဆုံး၊ ၈ ဦးကို အကြောင်းမဲ့ ဖမ်းဆီး
===============
၂။မင်းဘူးမြို့၊ မုန်တောင် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်၊ မီးရှိုဖျက်ဆီးခဲ့
===============
၃။ညောင်ဦး၊ ပေါက်၊ ကျောက်ထုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၂၀၀ ကျော်နှင့် ဆေးခန်း ပျက်စီး
================
၄။ဖြူးနဲ့ ဒီပဲယင်း မြို့နယ်တို့မှာ စစ်ကော်မရှင် တပ်စခန်းနဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊စစ်သား ၅ ဦး ထပ်မနည်း သေဆုံး၊
===============
၅။ပုလဲမြို့နယ်တွင် NUG အခွန်ဂိတ်ကို BNRA တပ်ဖွဲ့ စီးနင်း၊ ပလဖ အဖွဲ့ဝင်၊ လက်နက်နှင့် ငွေကြေးများ ဖမ်းဆီးသိမ်းဆည်းခံရ၊ဝင်ရောက်စီးနင်းခြင်း မဟုတ်ဘဲ မြေပြင်ရဲဘော် လေးဦး ပြဿနာဟု ဗိုလ်နဂါး ပြောကြား
===============
၆။စစ်တပ် စစ်ကြောင်းကြောင့် စစ်ဘေးရှောင်နေရတဲ့ ဆားလင်းကြီးနယ်က လူ တထောင်ကျော် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေ
==================
၇။သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင့်စို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒူးပလာယာခရိုင်က ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်
===============
၈။အန္တရာယ်ကြီးမားတဲ့ ပြင်းထန်ငလျင်ဇုန်ထဲပါဝင်နေတဲ့ မြစ်ဆုံဒေသမှာ ဆည်မဆောက်သင့်ဘူးလို့ မြန်ဘူမိ သိပ္ပံပညာရှင်တွေ သတိပေး
====================
၉။မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင်နိုင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီရရှိရေး ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကျင်းပ
================
ဒီကနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ် လူလေးနှင့် ခါးရှဲလ်တို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: