မတရားအမြတ်တင် ရောင်းချမှုများကို စစ်ဆေးထိန်းသိမ်းရန် ဝန်ကြီးချုပ် ဦးညိုစော တိုက်တွန်း
Автор: BETV Business
Загружено: 2025-11-20
Просмотров: 275
မတရားအမြတ်တင် ရောင်းချမှုများကို စစ်ဆေးထိန်းသိမ်းရန် ဝန်ကြီးချုပ် ဦးညိုစော တိုက်တွန်း
ရန်ကုန်၊ နိုဝင်ဘာ ၂၀
ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေးနဲ့ မတရားအမြတ်တင် ရောင်းချမှုတွေကို ထိထိရောက်ရောက် စစ်ဆေးထိန်းသိမ်းသွားဖို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
ပြည်သူတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေဖို့နဲ့ ကုန်စည်ဈေးနှုန်း တည်ငြိမ်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။
အခြေခံကျတဲ့ ဆန်ဈေးနှုန်း တည်ငြိမ်နေတယ်ဆိုပေမယ့် ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ရောင်းချမှုနဲ့ စားသုံးမှုစတဲ့ ကွင်းဆက်တွေအားလုံးကို လိုက်လျောညီထွေ ဟန်ချက်ညီညီနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခြားရာသီပေါ် သီးနှံတွေအတွက်လည်း ရောင်းဝယ်ဖောက်ကားမှုကွင်းဆက် မှန်ကန်စေရေး ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေရဲ့ လူမှုစီးပွားဘဝ အဆင်ပြေမှု ရရှိနိုင်မယ်လို့လည်း ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
မိမိတို့နိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာမှာ တရားမဝင်ကုန်သွယ်မှုတွေက အဓိကအဟန့်အတားဖြစ်နေပြီး လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးကဏ္ဍတွေအပေါ် များစွာ ဆိုးကျိုးသက်ရောက်စေတယ်လို့ ဝန်ကြီးချုပ် ဦးညိုစောက ပြောထားပါတယ်။
လက်ရှိကာလမှာ မြဝတီ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်တို့ထဲ တရားမဝင်ကုန်ပစ္စည်းတွေ ဝင်ရောက်လာမှု မရှိစေရေး အလေးအနက်ထားပြီး တားဆီးစစ်ဆေးခြင်းတွေ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
တရားမဝင်ကုန်သွယ်မှုက နိုင်ငံအတွက် ဘက်ပေါင်းစုံက ဆိုးကျိုးတွေကိုသာ သက်ရောက်စေတဲ့အတွက် အလုံးစုံပပျောက်ရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း - BETV Business
▶BETV Youtube: / @betvbusiness
#Myanmar_Business_News #BETV_Business_News #ကုန်ဈေးနှုန်း #အမြင်တင်ရောင်းချမှု #တရားမဝင်ကုန်သွယ်မှု #ဦးညိုစော
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: