Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2025-12-31
Просмотров: 106799
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မင်းအောင်လှိုင်ဆိုတဲ့အမည်နောက်မှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ခွဲမရအောင် ဒွန်တွဲနေတဲ့ပြယုဂ်တစ်ခုဖြစ်ပြီး နိုင်ငံတကာက ဖမ်းချင်နေတဲ့ တရားခံတစ်ဦးသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ရဲ့ အမှုဆောင်ဒါရိုက်တာ Ben Lee က သတိပေးပြောပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ပူတာအိုအခြေ စိုက် ဗျူဟာ ၄၆ တပ်ပိုင်လေယာဉ်ဆီပေပါ အလုံး ၅၀ အပါအဝင် စက်သုံးဆီ ပေပါ ၁၂၀ လုံးကို ဖမ်းမိခဲ့တယ်လို့ ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်မှ ပြည်သူတွေ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေး ပေမယ့်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းတွေကနေ ပြန်လည်ပိတ်ဆို့ ပိတ်ပင်ထားတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: