Khit Thit Morning News | January 18, 2026
Автор: Khit Thit Media
Загружено: 2026-01-17
Просмотров: 321775
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရတဲ့ အချိန်ကာလ အားလုံးပေါင်းရင် နှစ်ပေါင်း ၂၀ ပြည့်ပြီဖြစ်ပြီး အရှင်လတ်လတ်မြေမြုပ်ခံထားရသလို ဖြစ်နေတယ်လို့ သားဖြစ်သူကင်မ်အဲရစ်က ပြောဆိုလာပါတယ်။
-မကွေးမြို့ပေါ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာန ဒုဦးစီးမှူး လှမျိုးအောင်ဆိုသူကို PDF တပ်ဖွဲ့တွေက ဖမ်းဆီးသွားမှုကို နေပြည်တော်ဆီ မတင်ပြဘဲ ဖုံးဖိထားတယ်လို့ အဲ့ဒီ့ဌာနမှာရှိတဲ့ သတင်းရင်းမြစ်ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာအကြမ်းဖက် စစ်တပ်ကို တီမောနိုင်ငံမှာ အမှုဖွင့်နိုင်ရေးအတွက် တိုင်ကြားလိုက်တဲ့အပြင် တီမောသမ္မတနဲ့ပါတွေ့ဆုံဆွေးနွေးမှု အပေါ် အကြမ်းဖက် စစ်တပ်ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွယ်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားပြန်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်ခွင့်ရရေးအတွက် ဖိအားပေးနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒိန်းမတ်နိုင်ငံတစ်ဝှမ်းနဲ့ ဂရင်းလန်းကျွန်းပေါ်မှာ လူထုဆန္ဒပြပွဲကြီးတွေ ကျင်းပဖို့ ပြင်ဆင်နေကြတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: