ကျားဖြန့်တိုက်ဖျက်ရေးအမေရီကန် ဝင်လာပြီး နောက်ဝယ် .... | People's Spring
Автор: People's Spring
Загружено: 2025-11-23
Просмотров: 153474
ကျားဖြန့်တိုက်ဖျက်ရေးအမေရီကန် ဝင်လာပြီး နောက်ဝယ် ....
နေ့သစ်/People's Spring
အမေရီကန် နိုင်ငံသားတွေကိုပါ လိမ်လည်အမြတ်ထုတ်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ အမေရီကန်အစိုးရက အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးစတင်စုံစမ်းစစ်ဆေးနေပြီလို့ ကြေညာလိုက်တာက မြဝတီ ဒေသမှာရော ၊နေပြည်တော်မှာရော ၊ဘေဂျင်းမှာပါ ဝရုန်းသုန်းကားတွေဖြစ်စေခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီဒေသမှာ ၂၀၂၅ နှစ်ဆန်းကတည်းက ကျားဖြန့်နှိမ်နင်းရေးခေါင်းစဥ်နဲ့ ဇာတ်လမ်းမျိုးစုံတွေခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ ရှေ့ကအခြေအနေတွေနဲ့ မတူတော့တဲ့အကြောင်း ဒီတစ်ပါတ်ပြောပြချင်ပါတယ်။
အမေရိကန်နိုင်ငံ ၊ကိုလမ်ဘီယာခရိုင် ရှေ့နေချုပ် ဦးဆောင်ပြီးတရားရေးဝန်ကြီးဌာနအပါအဝင် အမေရိကန်ကဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI)၊အထူးလျှို့ဝှက်ထောက်လှမ်းရေးဌာန ၊မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာနတွေ ပူးပေါင်းပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းနှိမ်နင်းရေး အထူးတပ်ဖွဲ့ (Scam Centre Strike Force-SCSF) ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေထဲက ကျားဖြန့် ကွန်ရက်တွေကို ဖြိုခွဲဖို့၊ ကျူးလွန်သူတွေကိုအရေးယူဖို့ နဲ့ သားကောင်ဖြစ်ခဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့လို့ ဆိုပါတယ်။
ဒါအပြင်အမေရီကန်က နိုဝင်ဘာ ၁၂ ရင်နေ့မှာပဲ ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ DKBA ခေါင်းဆောင် ၄ ဦး နဲ့ DKBA ကို အရေးယူဒဏ်ခတ်ခဲ့ပါတယ်။အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်ခဲ့သူတွေက DKBA ခေါင်းဆောင်တွေဖြစ်တဲ့ စောစတီးလ်၊ စောစိန်ဝင်း၊ စောစန်းအောင်နဲ့ စိုင်းကျော်လှတို့
ဖြစ်ပါတယ်။ အမေရီကန်က ၂၀၂၅ နှစ်ဆန်းပိုင်းကလည်း စစ်တပ်လက်အောက်ခံBGF ခေါင်းဆောင် စောချစ်သူ ၊၎င်းရဲ့သားနှစ်ဦး နဲ့ နယ်ခြားစောင့်တပ်ကိုပါ ကျားဖြန့်လုပ်ငန်းတွေကြောင့်အရေးယူ ဒဏ်ခတ်ခဲ့ပါသေးတယ်။
ဒီတစ်ကြိမ်အမေရိကန်ကကြေညာခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ အဓိက အကြောင်းရင်းကတော့ အဲဒီလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ အမေရိကန် နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေနဲ့ တိုက်ရိုက် ယှက်နွှယ် ပတ်သတ်နေတာကြောင့်လို့ ဖော်ပြထားပါတယ်။
ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေဟာ DKBAနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲမှာ ငွေကြေးလိမ်လည်မှု ဒုစရိုက် ကွန်ရက်တွေ ထူထောင်ထားကြောင်း၊ အဲဒီဂိုဏ်းတွေရဲ့ လူမှောင်ခိုမှုတွေမှာလည်း သားကောင်ဘဝ ကျရောက်ခဲ့သူ အများအပြား ရှိခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဂျွန်ကေ ဟာလေက ပြောကြားခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် အလွတ်မပေးစတမ်း ခြေရာခံ ရှာဖွေနေပြီး အမေရိကန် မိသားစုတွေကို ကာကွယ်နေမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
အရေးယူပိတ်ဆို့မှု စာရင်းမှာပါဝင်လာတဲ့လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး အမေရိကန်မှာ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ၊ အမေရိကန် နိုင်ငံ
သားတွေက ထိန်းသိမ်းပေးထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သိမ်းဆည်းထားမှာ ဖြစ်သလို အဲဒီ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမေရိကန် နိုင်ငံသားတွေက လုပ်ငန်း ဆောင်ရွက်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ ချိုးဖောက်ရင် ကြီးလေးတဲ့ ရာဇဝတ်ပြစ်ဒဏ်၊ ဒဏ်ကြေးတွေ ကြုံနိုင်တယ်လို့လည်း တစ်ပါတည်းသတိပေးထားတာပါ။
"ကျားဖြန့်" ဆိုတာ တရုတ်ဘာသာနဲ "လိမ်လည်ခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။အွန်လိုင်းမှ ငွေကြေးလိမ်လည်မှု (Cyber Scam နဲ့ Telecom Scam) တွေကို ဆိုလိုတာပါ။ အင်တာနက်၊ ဖုန်း၊ လူမှုကွန်ယက်မီဒီယာတွေကို အသုံးပြပြီးကမ္ဘာတစ်ဝန်းက လူများထံမှ ငွေကြေးလိမ်လည်ကြ
တာဖြစ်ပါတယ်။ နည်းပညာကို အသုံးပြပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြတ်ကျော် ငွေလိမ်ရာဇဝတ်ဂိုဏ်းတွေရဲ့ အန္တရာယ်ကိုအခု ကမ္ဘာနိုင်ငံအများစု ခံစားနေရပြီးပိုသိလာကြပါပြီ ။
United States Institute of Peace(USIP)ရဲ့ အစီရင်ခံစာတွေအရ BGF ဟာကျားဖြန့်လုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာသန်းရာနှင့်ချီ ရရှိနေတယ်လို့ဖော်ပြပါတယ်။ BGF ဟာ စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပြီး BGF အဖွဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို စစ်တပ်သို့ ခွဲဝေပေးတယ်လို့အစီရင်ခံစာတွေက ဆိုပါတယ် ။
အမေရီကန်က ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SCSF)ဖွဲ့စည်းပြီး ထိုင်းနဲ့ပူးပေါင်းစုံစမ်းထောက်လှမ်းမှုတွေ စလုပ်နေပြီကြေညာလိုက်တာနဲ့ မြဝတီ ၊ နေပြည်တော် သာမကပဲ တရုတ်နိုင်ငံနဲ့ အာဆီယံဒေသတစ်ခုလုံး အလုပ်များကုန်ပါတော့တယ်။
အမေရိကန်ကအထူးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာပြီးနောက်နေ့မှာပဲ တရုတ်အစိုးရကလည်း တရုတ်နိုင်ငံ၊ကူမင်းမြို့မှာမြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့တက်ရောက်ပြီးမဲခေါင်-လန်ချာ ၆ နိုင်ငံကျားဖြန့်တိုက်ဖျက်ရေးပူးပေါင်းလုပ်ကိုင်မယ်လို့ဆိုပါတယ် ။
လွှတ်တော်ကြားနားပွဲမှာ ကျားဖြန့်နှိမ့်နင်းရေးအပြင် စစ်တပ်ရဲ့အဓိကဘဏ်တွေကိုအရေးယူဖို့ ၊တော်လှန်ရေးအင်အားစုတွေကို လက်နက်မဟုတ်တဲ့ နည်းပညာ အထောက်အကူပေးဖို့ ၊စစ်ဘေးရှောင်တွေကို ကူညီပေးဖို့လည်းပါဝင်ပါတယ်။
ကျားဖြန့်နှိမ်နင်းရေးကြောင့် စစ်တပ်နဲ့ BGF ဝင်ငွေနည်းသွားရင် နိုင်ငံရေးအရအကျိုးရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တရုတ်ရော၊ ရုရှားကပါ ပိုက်ဆံမပေးရင် လက်နက်နဲ့လေယာဥ်ဆီ ရောင်းမှာမဟုတ်ဘူး။ ပိုက်ဆံမပေးရင် ရတော့မှာမဟုတ်ပါဘူး။စစ်တပ်ဝင်ငွေနည်းသွားပြီး ငွေကြေးစီးဆင်းမှုလျော့သွားရင် ဒီတော်လှန်ရေးအတွက် အကျိုးရှိတယ် လို့ ဦးဂျိမ်းစ်ရွှေကသုံးသပ်လိုက်ပါတယ်။ ။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
/ subscribe
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: