စစ်ကောင်စီကို သံဃာတော်တွေ သပိတ်မှောက် (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2024-06-25
Просмотров: 455955
စစ်ကောင်စီကို သံဃာတော်တွေ သပိတ်မှောက် (ရုပ်/သံ)
ယဉ်မွန်၊ ဇွန် ၂၅၊ ၂၀၂၄
ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ရဟန်းတို့ရဲ့ ဝိနည်းနဲ့အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်လိုက်ပြီ ဖြစ်တယ်လို့ သပိတ်မှာပါဝင်တဲ့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေက ဧရာဝတီကို မိန့်ပါတယ်။
အာဏာသိမ်းထားတဲ့ ကာလအတွင်း စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ပတ္ထနိက္ကုဇ္ဇနကံဆောင်နိုင်တဲ့ အင်္ဂါ ၈ ပါးစလုံးနဲ့ ကိုက်ညီနေတာကြောင့် အခုလို ကံဆောင်သပိတ် ဆင်နွှဲတာ ဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ကြားပါတယ်။
ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို ပစ်ခတ်ခဲ့တဲ့ လက်သည်ဟာ PDF တွေဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက တဆင့် ထုတ်ပြန်ခဲ့ပေမယ့်၊ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းမှာတော့ မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီးက ဖြစ်စဉ်မှန်ကို ထုတ်ဖော်မိန့်ကြားမှုအပြီးမှာတော့ စစ်ကောင်စီဟာ မဖြစ်မနေ ဝန်ခံခဲ့တာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: