သွေးအေးတဲ့ဆယ်ကျော်သက် သားဖြစ်သူကို ရဲလက်အပ်ခဲ့တဲ့ မိခင် - Brian Cohee Junior - Murder Monday
Автор: Story Bears
Загружено: 2024-06-24
Просмотров: 41504
မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားဒါမှမဟုတ်သမီးဖြစ်သူဟာ တကယ့်ကို ရက်စက်တဲ့ မှုခင်းတစ်ခုကို ကျူးလွန်ထားမှန်း သိခဲ့ရင် ဘာလုပ်မိကြမယ်လို့ထင်ပါသလဲ? အာဏာပိုင်တွေဆီကို ခေါ်ပြီး ကိုယ့်သားသမီးကို အပ်လိုက်တာ၊ ဒါမှမဟုတ် သူ့ကို ဖမ်းမမိအောင် ကာကွယ်ပေးတာ သို့မဟုတ် သူတို့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကူညီပေးတာ ဒီနည်းလမ်းနှစ်ခုမှာ ဘယ်တစ်ခုကိုများ ရွေးချယ်မယ်လို့ ထင်ပါသလဲ? ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့တော့ မပြောတတ်ပေမယ့် အမေရိကန်မှာတော့ ကျွန်တော် မြင်သိရသလောက် မှုခင်းတွေမှာ ကိုယ့်သားသမီးကို ကာကွယ်ပေးတာ သို့မဟုတ် ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးတဲ့ မိဘတွေက ပိုများတယ်လို့ ပြောလို့ရပါတယ်။
အမေရိကန်နိုင်ငံ Colorado ပြည်နယ် Grand Junction ဒေသက အသက် ၅၄ နှစ်အရွယ် မိခင်တစ်ယောက် ဖြစ်တဲ့ Terri Cohee လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီပြဿနာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ရင်နာနာနဲ့ပဲ ရဲကို ဖုန်းဆက်ခေါ်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
အဲလိုနဲ့ မတ်လ ၁ ရက်နေ့ ၂၀၂၁ ရက်နေ့မှာ Colorado Grand Junction က ရဲဌာနဟာ တကယ့်ကို ထိတ်လန့်ဖွယ် မှုခင်းရဲ့ အစဖြစ်လာမယ့် 911 အရေးပေါ်ဖုန်းကောလ်တစ်ကောလ်ကို လက်ခံရရှိခဲ့ပါတယ်။
၉၁၁ ကျွန်တော့်နာမည်ဂျွန်ပါ။ အရေးပေါ်လိုအပ်တဲ့ နေရာရဲ့ လိပ်စာကို ပြောပါခင်ဗျာ လို့ တစ်ဘက်က ဖုန်းလက်ခံ ဖြေကြားတဲ့သူက မေးတော့ Terri က ပထမတော့ သူ့အသံကို မတုန်အောင် ထိန်းပြီးတော့
ဟုတ်ကဲ့ အရေးပေါ်အကူအညီတောင်းစရာရှိပါတယ်။ ဆိုပြီးတော့မှ ပြောလိုက်ပါတယ်။ ပြီးတော့ ငိုသံတဝက်နဲ့
ကျွန်မ ကျွန်မသားရဲ့ ဗီရိုထဲမှာ ပလတ်စတတ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ တစ်ခုခုကို ကျွန်မတွေ့ထားလို့ပါ ဆိုပြီးတော့ ပြောလိုက်ပါတယ်။
တစ်ဘက်က ဖုန်းအော်ပရေတာက အဲ့ဒီအထုပ်က ဘာတွေလဲ ဆိုပြီး မေးလိုက်တဲ့အခါမှာတော့ ဒီဘက်ကနေ ဖုန်းပြောနေတဲ့ Terri တစ်ယောက် လုံးဝထိန်းမထားနိုင်တော့ပါဘူး။ ငိုသံအပြည့် စိတ်ထိခိုက်သံအပြည့်နဲ့
ကျွန်မထင်တာကတော့ လူတစ်ယောက်ရဲ့ ဦးခေါင်းဖြစ်မယ်ထင်တယ်လို့ ဖြေလိုက်ပါတယ်။
ဒီဖုန်းကောလ်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် ငြိမ်သက်နေတဲ့ ကိုလိုရာဒိုပြည်နယ်ကိုသာမက အမေရိကန် တစ်နိုင်ငံလုံးကိုပါ လှုပ်ခတ်သွားမယ့် မှုခင်းတစ်ခုရဲ့ အစဖြစ်လာမယ့် ၉၁၁ ကောလ်ထဲက စကားတွေပဲ ဖြစ်ပါတယ်။
ဒီဖုန်းကောလ်အပြီးမှာ ဘာတွေ ဆက်ဖြစ်မယ်၊ Terri ရဲ့ သားဖြစ်သူ Brian ရဲ့ အဝတ်ဗီရိုထဲကို ဒီလူ့ဦးခေါင်းကို ထည့်ထားတဲ့ အမှိုက်အိတ်က ရောက်လာသလဲ? ဒီဦးခေါင်းပိုင်ရှင်ကရော ဘယ်သူလဲ? အစရှိတဲ့ အကြောင်းတွေ အပြင် ဒီအမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Murder Monday အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါခင်ဗျာ။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ Story Bears ပုံပြင်ပြောသော ဝက်ဝံများ Youtube Channel ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်ကတော့ Polar Bear ပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒီကနေ့ ကျွန်တော်တို့ရဲ့ Murder Monday အစီအစဉ်ကနေ သားဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတဲ့ အမေဖြစ်သူ သို့မဟုတ် သွေးအေးတဲ့ ဆယ်ကျော်သက် ရာဇဝတ်သား Brian Cohee Junior ရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပါခင်ဗျာ။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: