မိုးကုတ်ဆရာတော်ကြီး ဟောကြား တော်မူ သော သမုဒယသစ္စာ၏အနက် (၁)အာယူဟနဋ္ဌော တရား တော်
Загружено: 2025-12-21
Просмотров: 166
အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် သမုဒယသစ္စာအနက်မှ အာယူဟနဋ္ဌော
စာအုပ်ခေါင်းစဉ်= သမုဒယသစ္စာ၏အနက် (၄)ချက် အာယူဟနဋ္ဌော
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်တိုင်းသည် သစ္စာ တရားတော်များသာ ဖြစ်ပါသည်။ အထူးသဖြင့် ၁၉၅၇ ခုနှစ်နှောင်းပိုင်းတွင် မန္တလေးမြို့၌ သစ္စာအနက် တစ်ဆယ့် ခြောက်ချက်ကို တစ်ဆက်တည်း ဟောကြားတော် မူပါသည်။
မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် အနေဖြင့် မိုးကုတ်မြို့တွင် ဟောကြားခဲ့ သော သစ္စာသက်သက် တရားတော်များကို ဖြန့်ချီပြီး ဖြစ်ပါသည်။ထို့ အတူ မန္တလေးမြို့၌ ဟောကြား ခဲ့သော ဒုက္ခသစ္စာ တရားတော်၊ နိရောဓသစ္စာ တရားတော်၊ မဂ္ဂသစ္စာ တရားတော်များကို ဖြန့်ချီပြီး ဖြစ်ပါသည်။
ယခုနောက်ဆုံး သမုဒယသစ္စာ၏ အနက်လေးချက်ကိုလည်း ဆက်လက် ဖြန့်ချီ လိုက်ပါသည်။ မိုးကုတ် ဆရာတော်ဘုရားကြီးက သမုဒယ သစ္စာ၏ အနက်လေးချက်ကို အောက်ပါအတိုင်း ဟောကြားတော်မူပါသည်။
၁။ အာယူယနဋ္ဌော – ဒုက္ခဝတ္ထု ဒုက္ခမှုတို့ ကို စုဆောင်းဆည်း ပူးတတ်သောသဘော။
၂။ နိဒါနဋ္ဌော – ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ၊ အမြဲပေးအပ် ဆောင်နှင်းစေတတ်တဲ့ အနက်သဘော၊
၃။ သံယောဂဋ္ဌော – ယှဉ်တွဲတတ်တဲ့ သဘော၊ သမုဒယ ဆိုတဲ့ တဏှာလောဘ ကလေး ပေါ်လာပြီ ဆိုရင် ဒုက္ခမှုတွေနဲ့ တွဲပေးမလို့ လာတာ၊
၄။ ပလိဗောဓဋ္ဌော – ထွက်ရပ်လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက်၊ ကန့်ကွက်တတ်သော သဘော၊
သစ္စာအနက် တစ်ဆယ့်ခြောက်ချက် တရားတော်များသည် အလုပ်ပေး တရားတော်များ ဖြစ်၍ အထူး အကျိုးရှိကြမည် ဖြစ်ပါသည်။
သူတော်ကောင်းရတနာ (၇)ပါး ပြည့်ဝကြပါစေ။
၂၂-၉-၂၀၀၂။
အမှုဆောင်အဖွဲ့။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်
သမုဒယသစ္စာ၏အနက် (၄)ချက်
အာယူဟနဋ္ဌော
(၁၀-၁၂-၅၇)
မနေ့က ဒုက္ခသစ္စာ လေးချက်ပြီးလို့ ယနေ့ သမုဒယသစ္စာ ပြောင်းပြီ လို့ မှတ်ပါ (မှန်လှပါ ဘုရား)။
ဒုက္ခသစ္စာလေးချက်က
၁။ ပီဠနဋ္ဌ တစ်ချက်၊
၂။ သင်္ခတဋ္ဌ တစ်ချက်၊
၃။ သန္တာပဋ္ဌ တစ်ချက်၊
၄။ ဝိပရိနာမဋ္ဌ တစ်ချက်၊ အားလုံး လေးချက် ရှိသွားပြီ။ (မှန်လှပါ ဘုရား)။
ဒီနေ့တော့ သမုဒယသစ္စာကို ဟောလိမ့်မယ်၊ ကိစ္စလေးချက်နဲ့ ဝေဖန်ပြီး ဟောလိမ့်မယ်။
ကောင်းပြီ သူ့မဟောမီ ဒကာ ဒကာမတွေ သူ့ချုပ်မှ ကိစ္စပြီးမယ် ဆိုတာကလေး လုံလောက်အောင် သက်သေ သာဓက ပြကြစို့။
သုံးလောက ထွဋ်ထား
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏
တရားတော်များ၊
ကျေးဇူးတော်ရှင် ဆရာတော် အရှင်မြတ်တို့၏
တရားတော်များ၊
နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာ
တရားတော်များ၊
ဘဝအတွက် မဖြစ်မနေ
လိုက်နာကျင့်သုံးရမည့်
သစ္စာ ၄ပါး တရားတော်များကို
နေ့စဉ် အချိန်မှန် တင်သွားပါ့မည်။ ။ ။
တရားတော်များကို နာလည်း
နာနိုင်ကြပါစေ။
နာတဲ့အတိုင်းလည်း
သိကြပါစေ။
သိတဲ့ အတိုင်းလည်း ကျင့်ကြံ ပွားများ
ကြိုးစား အားထုတ် နိုင်ကြပါစေကြောင်း
သစ္စာ ၄ပါး မြတ်တရား
မိသာစုများမှ မေတ္တာပို့သအပ်ပါသည်။ ။ ။
#မိုးကုတ်ဆရာတော်ကြီးဦးဝိမလ
#မိုးကုတ်တရားတော်
#တရားတော်များ
#သစ္စာ၄ပါး
#ဝိပဿနာ
#အလုပ်ပေး
#ဒိဌိဖြုတ်
#သင်တန်းတရား
#သစ္စာ၄ပါး
#သစ္စာ၄ပါးမြတ်တရား
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: