"ကိုယ်တွေ့ကျတော့" (နဝဒေးမဂ္ဂဇင်း ၁၉၆၂ ဇူလိုင်လ) စာရေးသူ-ဒေးဒရဲမြတ်ဆွေ
Автор: Listener's Heaven Audiobooks
Загружено: 2026-01-18
Просмотров: 596
"ကိုယ်တွေ့ကျတော့"
(နဝဒေးမဂ္ဂဇင်း ၁၉၆၂ခုနှစ် ဇူလိုင်လ)
စာရေးသူ - ဒေးဒရဲမြတ်ဆွေ
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၂၃ မိနစ်
စာမြည်း
“မောင် ... ဘယ်ကစာလဲ” မြတ်မြတ်သင်းသည် အိမ်ထဲကစာပို့ လုလင်ထွက်သွားသည်ကို အိပ်ခန်းထဲက ရိပ်ခနဲမြင်လိုက်၍ လှမ်းမေးလိုက်သည်။ သူသည်အိပ်ရာထဲမှ ပျင်းတွဲတွဲထရင်း ညောင်နာနာအသံနှင့် လှမ်းမေးလိုက်ခြင်းဖြစ်သည်။ သူ့အမေးကို ထွန်းမော်က မကြားဟန်ဖြင့် စာအိပ်ပြာလေးကိုသာ စူးစိုက်ကြည့်ပြီး အိမ်ထဲသို့ တလှမ်းချင်း လျှောက်ဝင်လာသည်။ “မောင်ဘာစာလဲလို့ မေးနေတယ်”” သည်တော့မှ ထွန်းမော်က မြတ်မြတ်သင်းကို တချက်ကွက်ကြည့်လိုက်ပြီး မျက်မှောင်ကုပ်ကာ ဖြေလိုက်သည်။ "မိတ်ဆက်စာတဲ့ကွာ .. မိတ်ဆက်စာတဲ့” ထွန်းမော်သည် စာအိပ်ပြာလေးထဲမှ စာကိုဆွဲထုတ်ဘတ်ရင်း... ခပ်ခန့်ခန့် အိုင်တင်ပါပါပြုံးလိုက်သည်။ သူသည် ရုပ်ရှင်မင်းသား အသစ်တဦး ဖြစ်၍ မိတ်ဆက်လာသော စာကို ဖတ်ရသောအခါ၌ နှစ်သိမ့်ကျေနပ်လိုက်မိသည်။ သည်လို လူတကာက မိတ်ဆက် လာရသော ဘဝကိုရောက်ရသည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူနေ မိသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...
#lhaudiobooks #audiobooks
#မြန်မာဝတ္ထု #နဝဒေးမဂ္ဂဇင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: