နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်
Автор: နေ့စဥ်ခွန်အား - Our Daily Bread Myanmar
Загружено: 2025-12-11
Просмотров: 271
သခင်ယေရှုကို ညွှန်ပြခြင်း
https://myanmar-odb.org/2025/12/11/po...
/ myanmar.odb
/ ourdailybreadmyanmar
ယနေ့ဖတ်ရန်ကျမ်းချက် - ကောလောသဲဩဝါဒစာ ၃:၁၂-၁၇
https://odb-ministries.org/bible/mm/r...
ထင်ဟပ်ဖော်ပြချက်
သခင်ယေရှုကို ညွှန်ပြခြင်း
ရှင်ပေါလုသည် ကောလောသဲမြို့ရှိ သခင်ခရစ်တော်ကိုယုံကြည်သူများအား တစ်ဦးနှင့်တစ်ဦး ခွင့်လွှတ်ရန်နှင့် ချစ်ကြရန် အားပေးတိုက်တွန်းခဲ့သည်(ကောလောသဲဩဝါဒစာ ၃း၁၃-၁၄)။ ၎င်းမှာ “အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလေ့ာဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်း တို့သည် ထိုမေတ္တာတော်ကိုထောက်၍သင်တို့သည် ငါ၏တပည့်ဖြစ်ကြသည်ကို သိရကြလိမ့်မည်” (ရှင်ယောဟန်ခရစ်ဝင် ၁၃း၃၄-၃၅)ဟူသည့် ကိုယ်တော်၏ အနီးဆုံးနောက်တော်လိုက် တပည့်တော် တစ်ဆယ်နှစ်ပါးကို အထက်ခန်းတွင် ပြောသော သခင်ခရစ်တော်၏စကားများအား မှတ်မိစေရန် ဖြစ်သည်။ သခင်ယေရှုသည် အပယ်ခံရ၍ ပြောဆိုခွင့်မရှိသူများ၊ အပြစ်သားဟုသမုတ်ခံရသော သူများကို နောင်တရရန် ကမ်းလှမ်းခဲ့သည်(ရှင်လုကာခရစ်ဝင် ၅း၃၂)။ အခြားသူများအား ကောင်းကျိုးဖြစ်စေသော နည်းလမ်းဖြင့် အသက်ရှင်ရန် ကောလောသဲရှိ ယုံကြည်သူများအား ရှင်ပေါလု တောင်းပန်ရာတွင် ကိုယ်တော်၏စံနမူနာ ထင်ဟပ်နေပါသည် (ကောလောသဲဩဝါဒစာ ၃း၁၂-၁၇)။ ယနေ့တွင် ကျွန်ုပ်တို့သည် မိမိကိုယ်တိုင် နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ဖြင့် လွှမ်းခြုံစေကာ အခြားသူများကိုချစ်ပြီး မေတ္တာပြရန် နည်းလမ်းများရှာသောအခါ (း၁၂) ကျွန်ုပ်တို့၏ဘဝအသက်တာ သည် အခြားသူများကို သခင်ခရစ်တော်ထံ ညွှန်ပြနိုင်ပါသည်။
စာရေးသူ အယ်လီဆန်ကီဒါ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: