EB3 အကြောင်း တိတိကျကျသိချင်သူများအတွက်
Автор: LibertyVisa
Загружено: 20 апр. 2025 г.
Просмотров: 23 просмотра
EB3(Uskilled) Visa ဆိုတာ ဘယ်လိုမျိုးလဲ?
————————————————-
၁-အမေရိကန် နိုင်ငံထဲကို အလုပ်နဲ့သွားပြီး Green Card (၁၀)နှစ် ရမယ့်လမ်းကြောင်းနဲ့သွားရမယ့် Immigrant Visa အမျိုးအစားဖြစ်ပါတယ်
အလုပ်အမျိုးအစားတွေက ဘာတွေလဲ?
——————————————————
၂-အများဆုံးအလုပ်တွေကတော့ စက်ရုံအမျိုးမျိုး၊ စားသောက်ဆိုင်အမျိုးမျိုးတို့ ဖြစ်ကြပါတယ်။ တစ်ခြား သက်ကြီးရွယ်အိုစောင့်ရှောက်တဲ့လုပ်ငန်းတွေ လည်း ရံဖန်ရန်ခါရှိပါတယ်။
ဘာတွေလိုအပ်မလဲ?
—————————
Unskilled ဖြစ်တဲ့အတွက် ပညာ အရည်အချင်းသတ်မှတ်ချက်၊ ဘာသာစကားသတ်မှတ်ချက်တွေမရှိပဲ အလုပ်ရှင်ဘက်ကခေါ်တဲ့အလုပ်တွေ ထဲကမှ မိမိကြိုက်နှစ်သက်ရာအလုပ်တွေကို ရွေးချယ်ပြီး လျှောက်လို့ရပါတယ်။ ရံဖန်ရံခါတော့ တစ်ချို့အလုပ်ရှင်တွေက အွန်လိုင်းကနေ အင်တာဗျူးခေါ်လေ့ရှိတတ်ပါတယ်။
(ကိုယ်ရွေးချယ်တဲ့ အလုပ်ရမရကတော့ မိမိရဲ့အရည်အချင်းအပေါ် မူတည်ပါတယ်) လုံးဝအလုပ်မရဘူးတော့မရှိပါဘူး။
ကိုယ်ရတဲ့အလုပ်မှာ အချိန်ဘယ်လောက်ကြာကြာလုပ်ရမလဲ?
————————————————-
စာချုပ်သက်တမ်း (၁)နှစ်ပြည့်အောင်လုပ်ပေးရမှာဖြစ်ပါတယ်။
ဘယ်လိုလူတွေ လျှောက်လို့ရမလဲ
———————————————-
အသက်(၁၈)နှစ်ကနေ (၅၀)နှစ်အထိ ကျန်းမာရေးကောင်းမွန်တဲ့ မည်သူမဆိုလျှောက်လို့ရပါတယ်။
တစ်ယောက်တည်းလျှောက်ရတာလား
တစ်ယောက်ထက်ပိုပီးလျှောက်လို့ရတာလား?
——————————————————-
မိသားစုလိုက်လျှောက်မယ့်သူတွေအတွက်ဆိုရင် အဖေနဲ့အမေအပါအဝင် အသက်(၂၁)နှစ်အောက်ကလေးတွေပါတွဲပြီး လျှောက်လို့ရပါတယ်။ အဖေနဲ့အမေတစ်ယောက်ယောက်က ဦးဆောင်လျှောက်ရမှာဖြစ်ပြီး ဦးဆောင်လျှောက် တဲ့သူပဲ ခေါ်တဲ့အလုပ်မှာ လုပ်ရမှာဖြစ်ပြီး ကျန်တဲ့မိသားစုဝင်ေတွကတော့ ကိုယ်တိုင်အလုပ်ရှာပြီး လုပ်လို့ရပါတယ်။ ကလေးတွေ ကတော့ ကျောင်းတက်လို့ရမှာဖြစ်ပါတယ်။
Visa ရဖို့အချိန်ဘယ်လောက်ကြာမလဲ?
—————————————————-
၂ နှစ်ကနေ ၃ နှစ်အထိကြာနိုင်ပါတယ်။
ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲ?
————————————————
မိမိရွေးချယ်တဲ့ agency အပေါ်မူတည်ပြီး တစ်ယောက်တည်းသမားအတွက်
ဆိုရင် ဒေါ်လာ ၁၈၀၀၀ နဲ့ ၂၀၀၀၀ ကြားမှာ ကုန်မှာဖြစ်ပြီး မိသားစုအရေအတွက်တိုးလာတဲ့အပေါ်မှာ မူတည်ပပြီး ကုန်ကျစရိတ် ကွာသွားမှာဖြစ်ပါတယ်။
မှတ်ချက်။ ကျွန်တော် ရွေးချယ်ပြီးလျှောက်တဲ့ agency ကတော့ Liberty Visa ဖြစ်ပါတယ်။ တစ်ခြား agency တွေလည်းရှိပါတယ်။ ဘာဖြစ်လို့ Liberty Visa agency ကို ရွေးချယ်ခဲ့လည်းဆိုရင်
ကိုယ့်ရဲ့မြန်မာလူမျိုးပိုင်ဆိုင်တာဖြစ်တာကြောင့် လုပ်ငန်းစဉ်အစဆုံး မြန်မာလိုပဲဆက်သွယ်ပြောဆိုလို့ရတဲ့အတွက် ကျွန်တော် မသိတာ မရှင်းတာရှိရင် မြန်မာလိုမေးလို့ရပြီး အမေရိကန်ကိုရောက်ခဲ့ရင်လည်း မသိတာနားမလည်တာရှိရင် မြန်မာလိုအကူအညီတောင်းလို့ရနိုင်လို့ဖြစ်ပါတယ်။

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: