လူ့အသည်းပေါင်း ၆၀၀၀ နဲ့ ရှိန်းပြီးဆေး(ခေါ်)မသေဆေးကို ဖော်စပ်ခဲ့တဲ့ မြောက်ဦးဘုရင်ရဲ့ ဘဝနိဂုံး
Автор: RAZAWON-ရာဇဝင်
Загружено: 2025-08-21
Просмотров: 5059
🔴 မသေဆေးကိုဖော်စပ်ဖို့အတွက် ဂျိုးဖြူငှက်အသည်း ၂၀၀၀ ၊ နွားအသည်း ၄၀၀၀ နဲ့ လူ့အသည်း ၆၀၀၀ ကို လိုအပ်တယ်လို့လျှောက်တင်ခဲ့တာဖြစ်ပါတယ်။ ဂျိုးအသည်းနဲ့ နွားအသည်းတွေကတော့ အလွယ်အကူရနိုင်တယ် ဆိုပေမယ့် လူ့အသည်း ၆၀၀၀ ကျတော့ အလွန်များတဲ့ ပမာဏဖြစ်တဲအတွက် မကြံစည်အပ်တဲ့ အကြံအစည် ကို ကြံစည်ခဲ့ကြပါတယ်။ ဒါကတော့ လူပေါင်း ၆၀၀၀ ကို လျှို့ဝှက်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဘုရင်က လျှို့ဝှက်စီမံနေပေမယ့်လည်း အလွန်များတဲ့လူပမာဏကိုသတ်ဖြတ်တက တကြောင်း။ နောက်ပြီးတော့ ဒီလုပ်ရပ်ဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လုံးဝလက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်နေတာက တကြောင်း၊ နောက်ပြီးတော့ အလွန်တရာမှ ရက်စက်တဲ့ လုပ်ရပ်ဖြစ်နေတာတွေကြောင့် ဒီသတင်းဟာ ပေါက်ကြားပြီးတော့ မြောက်ဦးမြို့တော် မှာရှိတဲ့ ပြည်သူတွေဟာ ကြောက်လန့်တုန်လှုပ်ကာ ထွက်ပြေးတဲ့သူတွေကလည်း ထွက်ပြေးသလို။ လူတန်းစား အုပ်စုတွေဟာလည်း ပြိုကွဲသွားပြီး ဘုရင်ကို လုပ်ကြံဖို့ အုပ်စုတွေဟာလည်းရှိလာတယ်လို့ဆိုပါတယ်။ ဒီအုပ်စု တွေထဲမှာ သျှင်ရှင်မေနဲ့ ငကုသလတို့လည်းအပါဝင်ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီအချိန်မှာပဲ ဟရီမှောက်မှား အလားလား၊ ဟရီလည်းသေ ပြည်လဲကြေ။ ဆိုပြီးတော့မှ တပေါင်စကားတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် သီရိသုဓမ္မဘုရင်ဟာ နန်းတက်ပြီး ၁၂ နှစ်အကြာမှာမှ ရာဇဘိသိက်ကို ခံယူဖို့ စတင်ခဲ့ပါတယ်။ ဒီအချိန်မှာ မသေဆေးခေါ်တဲ့ ချိန်းပြီးဆေးကို အောင်မြင်စွာဖော်စပ်ထားနိုင်ခဲ့ပြီလို့ ဆိုကြပါတယ်။ ရာဇဘိသိက်ခံယူဖို့ ၆ လခန့်စောပြီးတော့ တိုင်းပြည်တစ်ခုလုံးကို ကြေငြာခဲ့ပြီးတော့ အလွန် တရာမှ ခမ်းနားတဲ့ ဘိသိက်ပွဲကို ကျင်းပခဲ့ကြပါတယ်။ ရာဇဘိသိက်မင်္ဂလာကို ၁၆၃၅ ခု၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာကျင်းပခဲ့ပါတယ်။
👉 ရာဇဝင် channel ဟာ ရာဇဝင်၊ ပုံပြင်၊ သမိုင်း၊ ဖြစ်ရပ်မှန်များနဲ့ တစ်ခြားသော အနုပညာတွေရဲ့ ဖန်တီးမှုတွေရဲ့ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံနဲ့ အများပြည်သူ ဗဟုသုတ ရစေဖို့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
🔴 ဒီ channel မှာတင်ဆက်ထားတဲ့ video ဖိုင်တချို့နဲ့ ဓာတ်ပုံမှတ်တမ်းတချို့ကို ကြည့်ရှု့သူများ ဗဟုသုတရစေရန်အတွက် အသုံးပြုထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မူရင်း ပိုင်ရှင်များအနေဖြင့် နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
တကယ်လို့ ဓာတ်ပုံ၊ ဗီဒီယိုတွေရဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာ ရှိပါက အောက်ပါ Gmail ကို ဆက်သွယ်နိုင်ပါတယ်။
📞📞 ဆက်သွယ်ရန်- maungzawkhine83@gmail.com
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: