What is Incontinence in Burmese
Автор: Continence Health Australia
Загружено: 2024-07-03
Просмотров: 32
Continence Foundation Explainer Video in Burmese. သည်းခြစ်မှု လည်းက bağıစားမှု ထိန်းချုပ်ရေး တည်ဆောက်ပုံ - விளக்க விဒီယို (Thanyit Hmit Hu Lay K Baa Say Ma Hnit Chin Yok Yay Thu Saungpon - Wibatha Widiyo).
သင် အိမ်သာမရောက်ခင် ဆီးဝမ်း ထွက်ကျပါသလား။
အိမ်သာတက်ဖို့ အလောတကြီး ပြေးရပါသလား။
နေ့ခင်းဘက် မကြာမကြာ အိမ်သာသွားရပါသလား၊
ဒါမှမဟုတ် တစ်ညကို တစ်ကြိမ်ထက်ပိုပြီး အိမ်သာ ထသွားရပါသလား။
ဒါဆိုရင် သင် ဆီးဝမ်းမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။
လူတော်တော်များများဟာ ဆီးဝမ်းမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။
သတင်းကောင်းကတော့ အဲဒီအတွက် သင် လုပ်နိုင်တာတချို့ ရှိပါတယ်။
ဆီးဝမ်းမထိန်းနိုင်တာဆိုတာ ဆီးအိမ်ထဲက ဆီး (သေး) အမှတ်တမဲ့ ထွက်ကျတာပါ၊ ဒါမှမဟုတ် မင်းအူထဲကနေ မစင်(အီး) မတော်တဆ ထွက်ကျတာပါ။
ဩစတေးလျမှာ လူကြီးလေးယောက်ဆိုရင် တစ်ယောက်က ဆီးဝမ်းမထိန်းနိုင်တာ ဖြစ်တတ်တယ်၊
ဒီတော့ ဖြစ်တာ လူ ၅သန်းကျော် ရှိတယ်။
ပြီးတော့ ဒါက သင့်အသက်နဲ့လဲ မဆိုင်ဘူး၊ ယောက်ျားမိန်းမ ဒါမှမဟုတ် ဘယ်ဓလေ့ကလာတာနဲ့လဲ မဆိုင်ဘူး။
ဆီးဝမ်းမထိန်းနိုင်တာတွေဟာ ကျန်းမာရေးကြောင့် ဖြစ်တတ်တယ်။ ဥပမာဆို ဆီးကျိတ်ရောင်တာတို့၊ ပန်းနာရင်ကျပ်တို့၊
ဆီးချိုတို့၊ သတိမေ့တာတို့၊
ဒါမှမဟုတ် ကိုယ်ဝန်တို့၊ ကလေးမွေးတာတို့၊ သွေးဆုံးတာတို့လို
ရောဂါမဟုတ်တာတွေကြောင့် ဖြစ်တတ်တယ်။
သင့် ရောဂါလက္ခဏာတွေကို ကုသဖို့နဲ့ သက်သာအောင် စီမံဖို့ ကျန်းမာရေးပညာရှင်နဲ့ ပြပါ။
ဒါမှ သင် အပြင်သွားနိုင်သလို ဘဝမှာ လုပ်စရာ အများကြီးကိုလည်း လုပ်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ဆီးဝမ်းမထိန်းနိုင်တာအကူဖုန်းလိုင်း၁၈၀၀ ၃၃ ၀၀ ၆၆ ကို အခု ဆက်ပြီး
အခမဲ့ အကြံဉာဏ်တွေနဲ့ အနီးနေရာက ဝန်ဆောင်မှုတွေအကြောင်းနဲ့
ပိုမိုကောင်းမွန်တဲ့ဘဝကို ရယူပါ။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: