ဘက်စုံသုံးဆိပ်ကမ်းနှင့် ခေတ်မီသိုလှောင်ရုံ တည်ဆောက်နေဟု ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီပြော
Автор: BETV Business
Загружено: 2025-11-24
Просмотров: 530
ဘက်စုံသုံးဆိပ်ကမ်းနှင့် ခေတ်မီသိုလှောင်ရုံ တည်ဆောက်နေဟု ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီပြော
ရန်ကုန်၊ နိုဝင်ဘာ ၂၄
အပြည်ပြည်ဆိုင်ရာ ဘက်စုံသုံးဆိပ်ကမ်းနဲ့ ခေတ်မီသိုလှောင်ရုံ တည်ဆောက်လျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ရဲ့ ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆိပ်ကမ်းကို သီလဝါအကွက်အမှတ် (၂၉) မှာ ကောက်ပဲသီးနှံနဲ့ အထွေထွေကုန်စည်တွေ ကိုင်တွယ်နိုင်ဖို့ BOT စနစ်နဲ့ နှစ်ရှည်ငှားရမ်းပြီး တည်ဆောက်လျက်ရှိပါတယ်။
ဆိပ်ခံတံတားနဲ့ ဆက်စပ်လျက်ရှိတဲ့ ခေတ်မီသိုလှောင်ရုံကိုတော့ မြေ ၁၃.၈၈ ဧကပေါ်မှာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံနဲ့ သွင်းကုန်ပစ္စည်းတွေကို သိုလှောင်ဖို့ စတင်တည်ဆောက်နေပါတယ်။
သိုလှောင်ရုံကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ အပြီးတည်ဆောက်ဖို့ လျာထားပြီး ဆိပ်ခံတံတားတွေနဲ့ နီးကပ်စွာ တည်ရှိလို့ ပို့ကုန်ကုမ္ပဏီတွေ ကုန်ကျစရိတ်သက်သာစွာနဲ့ ပြည်ပကို တင်ပို့ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
“အလားအလာကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ရေရှည်တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေအတွက်လည်း အသင့်ပြင်ဆင်ထားပါတယ်”လို့ ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီရဲ့ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးက ငွေကျပ် ၂၂ ဘီလီယံနီးပါးအထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ၂.၁၈ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
MAGDPL အနေနဲ့ Myanmar Thilawa SEZ Holdings ၊ Myanmar National Telecom Holdings ၊ Myanmar Kyauk Phyu SEZ Holdings နဲ့ Myanmar Agro Alliance Terminal Co., Ltd တို့မှာ ကျပ် ၅ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားပါတယ်။
သတင်း - BETV Business
▶BETV Youtube: / @betvbusiness
#Myanmar_Business_News #BETV_Business_News #MAGDPL #အပြည်ပြည်ဆိုင်ရာဘက်စုံသုံးဆိပ်ကမ်း #ခေတ်မီသိုလှောင်ရုံ #YSX
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: