1.25 - 30.0V Adjustable Power Supply တည်ဆောက်ခြင်း ။
Автор: Shwe Technique
Загружено: 2024-03-31
Просмотров: 3257
ဒီဗီဒီယိုလေးထဲမှာတော့ DC voltage ကို ၁.၂၅ ဗို့ကနေ ၃၀ဗို့ အတွင်း လိုအပ်သလို ထိန်းချုပ်လို့ရတဲ့ power supply တပ်ဆင်ပုံကို ကိုယ်တိုင်တည်ဆောက်နိုင်ရန် အသေးစိတ် ရိုက်ပြထားပါတယ်။
ဒီနေရာမှာ ဗို့အားအတင်ချလုပ်ဖို့အတွက် အသုံးပြုထားတဲ့ ပစ္စည်းလေးကတော့ DC to DC High Power Buck Boost Converter Module လေးပဲဖြစ်ပါတယ်။
အဝင်ဗို့အားကို ၅ဗို့ကနေ ၃၀ဗို့ အတွင်း ပေးသွင်းနိုင်မှာဖြစ်ပီး၊ အထွက်ဗို့အားကို ၁.၂၅ ကနေ ၃၀ဗို့အတွင်း စိတ်ကြိုက်ချိန်ညှိ အသုံးပြုနိုင်ပါတယ်။ ပါဝါအနေနဲ့ ဝပ်၁၀၀ အထိ အသုံးပြုနိုင်ပါတယ်။
အင်ပီယာ အနေနဲ့ အဝင်မှာ ၆အင်ပီယာ ဆက်တိုက်ပေးသွင်းနိုင်ပီး၊ အထွက်မှာ ၅အင်ပီယာရှိတဲ့ "ဝန်" ကိုဆက်တိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အအေးခံစနစ် ထည့်သွင်းတပ်ဆင်ထားရင် ဒီထက်ပိုတဲ့ ဝန် (အင်ပီယာ) ကို အသုံးပြုနိုင်တယ်ဆိုပေမဲ့ စိတ်ချစွာသုံးစွဲနိုင်ရန် 5A Fuse ကို တပ်ဆင်ထားပါတယ်။
ဒီဗီဒီယိုထဲမှာ အချိန်အခက်အခဲကြောင့် potentiometer နဲ့ trimmer ပေါင်းစပ်ပြီး modified pot-meter ရယ်၊ 12V regulated supply ပြုလုပ်ပုံ အသေးစိတ်ကို ချန်လှပ်ခဲ့ရပါတယ်။
သိချင်တဲ့သူတွေအတွက် ဗီဒီယို သီးသန့်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
အသေးစိတ်ကို ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။
ကျေးဇူးအထူးတင်ရှိပါတယ်။
လေးစားစွာဖြင့်
Shwe Technique
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: