မြောက်ဦးဆေးရုံကြီး ဗုံးကြဲခံရမှု AA ဘယ်လိုတုံ့ပြန်လဲ (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-12-10
Просмотров: 60514
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကြီးကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ညမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အတွက် လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ပြောပါတယ်။
အရပ်သားတွေကို ဆေးကုသမှုပေးနေတဲ့ ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်ကော်မရှင် တပ်ရဲ့ လုပ်ရပ်ဟာ စစ်သားမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုတွေပြောင်ပြောင်တင်း ကျူးလွန်နေမှုတွေ ဖြစ်တယ်လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သုခကပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် ဆေးကုသနေသူတွေရှိနေတဲ့ လူနာဆောင် နဲ့ ဆိုင်ကယ်ရပ်နားတဲ့နေရာတွေကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဆေးကုသမှုခံယူနေသူတွေ၊ လူနာစောင့်တွေ၊ ဆေးရုံဝန်ထမ်းတွေ သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်ထိ သေဆုံးသူ ၃၃ ဦးရှိနေပြီး ဒဏ်ရာရရှိသူ ၇၆ ဦးရှိနေကာ အရေအတွက်ထပ်တိုးလာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်တွေနဲ့ ဓါတ်ပုံမှတ်တမ်းတွေအရ သေဆုံးထိခိုက်သူတွေထဲ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေလည်းတွေ့မြင်ရပါတယ်။
#မြန်မာ #ဧရာဝတီ #မြောက်ဦး #ဗုံးကြဲ #ခိုင်သုခ #AA
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: