Amhattaya | Episode 65 - Ko Ko Lwin / Body Language တွေကို နားလည်နိုင်ခြင်းနှင့် အရေးပါမှု
Автор: Amhattaya
Загружено: 2025-09-16
Просмотров: 10054
Amhattaya | How to Read Body Language and Why it Matters - Ko Ko Lwin / အမှတ်တရ podcast | Body Language တွေကို နားလည်နိုင်ခြင်းနှင့် အရေးပါမှု
“Be Good at Body Language, People Hear from Their Eyes”
Communication isn’t just about the words we speak, it’s also about the messages we send through our actions, gestures, and expressions. Often, these signals happen subconsciously, yet they can speak volumes. This is the power of body language.
In this episode of Amhattaya, we're joined by Sayar Ko Ko Lwin, an executive coach and NLP trainer at Winning Life. With years of experience coaching people to communicate with clarity and confidence, he helps us to better understand body language and how small shifts in gestures, posture, and tone can create powerful effects.
Don’t miss the fun, interactive roleplay after the 12-minute mark, where Sayar Ko Ko Lwin demonstrates the dos and don’ts of body language in real-life scenarios. It’s practical, entertaining, and immediately useful!
Sayar Ko Ko Lwin also reminds us that body language isn’t universal as cultural context and the situation matter, but the key is making sure your message comes across clearly.
Topics Discussed in this Episode:
What NLP is and How it Connects to Body Language
Why Body Language Matters Personally and Professionally
Common Myths and Misconceptions About Body Language
Role Play: Dos and Don’ts of Body Language in Real-Life Scenarios
Not-So-Good Body Language Habits to Avoid
Simple Exercises to Improve Self-Awareness and Body Language
How Body Language Connects to Our Subconscious
How to Respond Empathetically to Negative Non-Verbal Cues
One Key Takeaway about Body Language and Communication
“လူတွေက သူတို့မြင်တာကိုပဲ ယုံကြည်ကြတာ ဖြစ်တဲ့အတွက် Body Language ကောင်းမွန်အောင်ဖော်ပြနိုင်ဖို့ လိုပါတယ်။”
Communication ဆိုတာက စကားနဲ့ ပြောတာတွေတင် မဟုတ်ဘဲ ကိုယ်နေဟန်ထားတွေ၊ မျက်နှာအမူအရာတွေနဲ့ ကိုယ်ပြောပြချင်တဲ့အကြောင်းအရာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလို အမူအရာတွေက မသိစိတ်ကနေ ဖြစ်ပေါ်လာပြီး လုပ်လိုက်မိတဲ့အရာတွေဆိုပေမယ့်လည်း သူ့ရဲ့ လွှမ်းမိုးနိုင်မှုကတော့ တကယ်ကို ကြီးပါတယ်။ ဒါကလည်း Body Language ရဲ့ စွမ်းအားတစ်ခုလို့ကို ဆိုနိုင်ပါတယ်။
ဒီနေ့ရဲ့ အမှတ်တရ အစီအစဉ်မှာတော့ Winning Life ရဲ့ Executive Coach & NLP Trainer တစ်ယောက် ဖြစ်တဲ့ ဆရာ ကိုကိုလွင်ကို ဖိတ်ခေါ်ထားပါတယ်။ နှစ်ပေါင်းများစွာသင်တန်းသားတွေကို ယုံကြည်ချက်ရှိရှိ၊ ပြတ်ပြတ်သားသားနဲ့ Communicate လုပ်နိုင်စေဖို့အတွက် Coach လုပ်နေတဲ့ ဆရာက ဒီနေ့ အမှတ်တရ ပရိသတ်တွေကို Body Language ဆိုတာ ဘာလဲ နားလည်နိုင်ဖို့နဲ့ ကိုယ်နေဟန်ထား၊ အမူအရာတွေနဲ့ အသံအနိမ့်အမြင့်တွေမှာ အပြောင်းအလဲ သေးသေးလေး လုပ်လိုက်မိရင်ကို ဘယ်လောက်ထိ ကြီးမားတဲ့ သက်ရောက်မှုမျိုးကို ဖြစ်စေလဲဆိုတာလေး မျှဝေပေးထားပါတယ်။
ကြည့်ရှုနေတဲ့ ပရိသတ်တို့ စိတ်ဝင်စားစေလောက်မယ့် တကယ့်အပြင်မှာ ဘယ်လိုအခြေအနေမျိုးရောက်ရင် ဘာတွေ ဆောင်သင့်လဲ၊ ရှောင်သင့်လဲစတာလေးတွေကိုလည်း Roleplay ပုံစံမျိုး ဆရာနဲ့အတူ တင်ဆက်ပေးထားတာမလို့ ၁၂ မိနစ်ဝန်းကျင်လောက်မှာ သွားကြည့်လို့ရပါတယ်။ လက်တွေ့မှာလည်း တကယ်ကို အသုံးဝင်ပါတယ်နော်။
Body Language ဆိုတာက ပုံသေကားချပ် မှတ်လို့မရဘဲ သူ့အခြေအနေနဲ့သူ ကာလံဒေသံပေါ်လိုက်ပြီး ပြောင်းလဲတတ်ပြီးတော့ အဓိကအရေးကြီးတာကတော့ ကိုယ်ပြောချင်တာကို ရှင်းလင်းစွာ ပြောနိုင်ဖို့ပါပဲတဲ့။
ဒီနေ့ရဲ့ အပိုင်းလေးမှာ ဆွေးနွေးပေးသွားတာတွေကတော့
NLP ဆိုတာဘာလဲ၊ Body Language နဲ့ ဘယ်လို ဆက်စပ်နေလဲ
Body Language ဟာ Personal နဲ့ Professional အတွက် ဘာကြောင့်အရေးပါတာလဲ
Body Language နဲ့ ပတ်သက်ပြီး ရှိတတ်ကြတဲ့ အယူအဆအမှားများ
လက်တွေ့ပြင်ပ ဖြစ်ရပ်များအချို့အတွက် Body Language ဆောင်ရန်၊ ရှောင်ရန်များ
ရှောင်ရှားသင့်တဲ့ Body Language အမှားများ
ကိုယ့်ကိုယ်ကိုယ် သတိရှိဖို့နဲ့ Body Language ကောင်းမွန်စေဖို့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများ
မသိစိတ်နဲ့ Body Language ဆက်စပ်ပုံ
အနုတ်သဘောဆောင်တဲ့ အပြုအမူတွေကို ဘယ်လိုမျိုး မေတ္တာနဲ့ တုံ့ပြန်ရမလဲ
Body Language နဲ့ Communication အတွက် အဓိကမှတ်သားသင့်တဲ့အချက်
အလုပ်အင်တာဗျူးအတွက် ပြင်ဆင်နေတာဖြစ်စေ၊ Networking Event တို့၊ First Date တို့ ဒါမှမဟုတ်လည်း ကိုယ့်ချစ်သူရဲ့ မိဘတွေနဲ့ ပထမဆုံး တွေ့ဆုံတဲ့အခါမျိုးတွေအတွက်ဖြစ်ဖြစ် ပြင်ဆင်နိုင်တာလေးတွေကို ဒီအပိုင်းလေးမှာ တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ Communication Skill မြှင့်တင်ချင်တဲ့ သူငယ်ချင်းတို့ရှိရင်လည်း မျှဝေပေးပြီးတော့ ဆရာ့ကို မေးချင်တာလေးတွေရှိရင်လည်း ကောမန့်မှာ ရေးသွားပေးလို့ရပါတယ်နော်။
“အမှတ်တရ” ရဲ့ အစီအစဉ်တွေကို Facebook, YouTube နဲ့ TikTok စာမျက်နှာတွေမှာ ကြည့်ရှုနားဆင်နိုင်ပြီးတော့ အသံသီးသန့်နားဆင်ချင်တယ်ဆိုရင်တော့ Spotify မှာ “Amhattaya” လို့ ရိုက်ရှာပြီး နားဆင်နိုင်ပါတယ်။ မျှဝေပြောပြချင်တဲ့အကြောင်းအရာတွေရှိရင်၊ ဒါမှမဟုတ် “အမှတ်တရ” နဲ့ အတူတူတွဲဖက်တင်ဆက်ချင်တာမျိုးရှိရင်လည်း amhattayateam@chilli.agency ကို email ပေးပို့ပြီး ဆက်သွယ်နိုင်ပါတယ်နော်။
Like & Subscribe:
YouTube: / @amhattayamm
Like & Follow:
Facebook: / amhattayamm
TikTok: www.tiktok.com/@amhattayamm
Listen to Amhattaya:
Spotify: https://podcasters.spotify.com/pod/sh...
အမှတ်တရ အစီအစဉ်ကိုတော့ Chilli Sound Room မှာ ရိုက်ကူးအသံသွင်းပြီး ပုံဖော်တင်ဆက်ထားတာဖြစ်ပါတယ်။
/ chillistudiomyanmar
#amhattaya #podcast #personal #career #development #communication #bodylanguage #yangon #myanmar
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: