ပီလခတ်ဘုရားကျောင်း ဟိန္ဒူရိုးရာနွားလွှတ်ပွဲ
Автор: NewsWatch Myanmar
Загружено: 2023-01-21
Просмотров: 45780
ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာရှိ ပီလခတ်ဘုရားကျောင်းတွင် ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ဟိန္ဒူရိုးရာနွားလွှတ်ပွဲ ကျင်းပသည်။
နွားကောင်းနွားလှများကို လယ်ကွင်းထဲသို့လွှတ်ပေးပြီးမှ အားကစားလှုပ်ရှားမှုဆန်ဆန် စိတ်လှုပ်ရှားဖွယ်ရာ ဝိုင်းဝန်းဖမ်းဆီးကြခြင်းဖြစ်သည်။
နွားများ၏ ခန္တာကိုယ်ပေါ်တွင် လည်စည်းပုဝါများ စည်းထားပေးထားပြီး နွားကိုလက်ရဖမ်းဆီး၍ ပုဝါရယူနိုင်သူသည် ဂုဏ်ယူဝံ့ကြွားနိုင်သလို နွားပိုင်ရှင်များက စေတနာရှိသလောက် ပုဝါထဲတွင်ထည့်ပေးလိုက်သည့် ဆုကြေးငွေကိုလည်း ပိုင်ဆိုင်ခွင့်ရရှိသည်။
ယနေ့ နွားလွှတ်ပွဲတွင် နွားအကောင်ရေ ၄၀ ဝန်းကျင်ပါဝင်ပြီး လူပေါင်းထောင်ချီလာရောက်၍ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ပွဲတော်လာရောက်သူအားလုံးကို ပိလခတ်ဘုရားကျောင်းထုံစံအတိုင်း သီးစုံပဲကုလားဟင်းနှင့် စတုဒိသာ ကျွေးမွေးခဲ့သည်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: