စစ်ကောင်စီကို နောက်ဆုံး ရာဇသံ ပေးလိုက်တာပဲ
Автор: The Irrawaddy News
Загружено: 2022-12-17
Просмотров: 1100866
စစ်ကောင်စီကို နောက်ဆုံး ရာဇသံ ပေးလိုက်တာပဲ (ရုပ်/သံ)
ဧရာ၀တီ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၂
အမေရိကန်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုလိုက်ပြီဖြစ်တဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (NDAA) မှာ မြန် မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းလိုက်တဲ့အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေး လေ့လာသူတွေက ကြိုဆိုလိုက်ကြပါတယ်။
အဲ့ဒီ ဥပဒေကို အမေရိကန် အောက်လွှတ်တော်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က မဲခွဲအတည်ပြုခဲ့တာဖြစ်သလို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာလည်း အမေရိကန် အထက်လွှတ်တော်က ၈၃ မဲ ၁၁ မဲနဲ့ ထပ်မံအတည်ပြုလိုက်ပြီ ဖြစ်တဲ့ အတွက် ဥပဒေအဖြစ် အသက်ဝင်သွားပြီ ဖြစ်ပါတယ်။
အခု အတည်ပြုလိုက်တဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (NDAA) မှာ အမေရိကန် နိုင်ငံတော် ကာကွယ်ရေး ရန်ပုံငွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံ ကို အသုံးခွင့် ပေးထားပြီး၊ အဲ့ဒီ ရန်ပုံငွေထဲက ငွေကြေးအစိတ်အပိုင်း တချို့ ကို မြန်မာနိုင်ငံအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: