ဗန်းမောက်မြို့သိမ်း KIA-PDF များ ဒရုန်းတိုက်ခိုက်ခံရမှု ရုပ်သံထွက်ပေါ်
Автор: CNI TV Channel
Загружено: 2025-09-17
Просмотров: 312555
ဗန်းမောက်မြို့သိမ်း KIA-PDF များ ဒရုန်းတိုက်ခိုက်ခံရမှု ရုပ်သံထွက်ပေါ်
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်အစပ်ရှိ ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ထို့နောက် အင်းတော် (ပကဖ)က အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် တခြားသော လမ်းများအားလုံး ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်ဟု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့် KIA-PDF ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ မြန်မာ့တပ်မတော် ဘက်က ခုခံတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ဗန်းမောက်မြို့သိမ်း ထိုးစစ်ဆင်လာသော KIA-PDF ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက် ဒဏ်ရာရရှိသူများကို ပြန်လည်သယ်ထုတ်နေသော ရုပ်သံဖိုင်တစ်ခု စက်တင်ဘာ ၁၆ ရက်တွင် ထွက်ပေါ်လာခဲ့သည်။
Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watc...
#ရှမ်းနီ #PDF #KIA #SNA #ဗန်းမောက်မြို့ #နိုင်ငံရေး #CNImyanmar
CNI Facebook Link--------https://www.facebook.com/profile.php?...
CNI Telegram Channel-----https://t.me/ChannelNewsIndependent
CNI Twitter Link----- / channelnewsind1
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: