ကြယ်ပန်းလေးများ ဖူးပွင့်ရာမြေ (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-05-01
Просмотров: 4771
ကြယ်ပန်းလေးများ ဖူးပွင့်ရာမြေ (ရုပ်/သံ)
ဧရာဝတီ၊ မေ ၁၊ ၂၀၂၅
အပြင်ကကြည့်ရင် သာမန်ကျောင်းလေးတကျောင်းလို့ ထင်ရပေမယ့်၊ ဒီကျောင်းလေးရဲ့ တံခါးကိုဖွင့်ဝင်လိုက်တာနဲ့ ထူးခြားတဲ့ နွေးထွေးမှု၊ ကြင်နာမှုနဲ့ မျှော်လင့်ချက်ရောင်ခြည်တွေကို ခံစားရမှာပါ။ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်မြို့မှာ ရှိတဲ့ Star Flower လို့ အမည်ပေးထားတဲ့ ကျောင်းလေးပါ။
ဒီကျောင်းလေးဟာ အထူးကျောင်းသားတွေလို့ သတ်မှတ်ထားတဲ့ “မသန်စွမ်း” ကလေးငယ်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းလေးဖြစ်ပါတယ်။ ဒီကျောင်းလေးထဲမှာ ဝင်ငွေနည်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ ရင်သွေးငယ်တွေကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ရွှေ့ပြောင်းကလေးငယ်တွေ လွတ်လပ်စွာပညာသင်ကြားခွင့် ရဖို့ရုန်းကန်နေကြရချိန်မှာ ဒီကျောင်းလေးမှာ ရှိတဲ့ မသန်စွမ်း ကလေးငယ်တွေဟာလည်း ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် ဘဏ္ဍာရေးအခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။
ကြယ်ပန်းကျောင်းလေးရဲ့ ဆရာ၊ ဆရာမတွေက သာမန်ဆရာတွေထက် ပိုတဲ့ စိတ်ရှည်မှု၊ နားလည်မှု၊ ချစ်ခြင်းမေတ္တာနဲ့ သင်ကြားပေးနေကြသူတွေပါ။ သူတို့အတွက် အောင်မြင်မှုဆိုတာ စာမေးပွဲမှာ အမှတ်ကောင်းတာထက်၊ စကားလုံး အသစ်လေး တလုံး ပြောနိုင်လာတာ၊ ကိုယ့်ဖိနပ်ကြိုးကိုယ် တိုင်ချည်နိုင်သွားတာ၊ ထမင်းကို ကိုယ်တိုင် စားနိုင်တာ၊ သူငယ်ချင်းကို အရုပ်လေးတခု ကမ်းပေးတတ်လာတာမျိုးလို သေးငယ်တဲ့ တိုးတက်မှုလေးတွေပါ။ ကလေးတယောက်ချင်းစီရဲ့ လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်တွေကို သေချာနားလည်ပြီး တယောက်ချင်းစီအတွက် သီးသန့်သင်ကြားနည်းတွေကို အသုံးပြုကြရတယ်။
ဒီကျောင်းလေးက ကလေးတွေကို စာသင်ပေးရုံသက်သက်မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင်၊ လူ့အဖွဲ့အစည်းထဲမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်၊ သူတို့ရဲ့ အရည်အချင်းအစစ်အမှန်တွေကို ရှာဖွေတွေ့ရှိပြီး ဖော်ထုတ်နိုင်အောင် လမ်းပြပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ မိဘတွေအတွက်လည်း ဒီကျောင်းလေးက သူတို့ရင်သွေးလေးတွေရဲ့ အနာဂတ်အတွက် တခုတည်းသော မျှော်လင့်ချက်ရောင်ခြည် ဖြစ်ပါတယ်။
ကြယ်ပန်း (Star Flower) ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ။ ကလေးတိုင်းဟာ သူတို့ အရောင်အဆင်း၊ သူတို့ ရနံ့သင်းပုံနဲ့ ပွင့်လန်းနိုင်တဲ့ ပန်းကလေးတွေပါ။ ကြယ်ပန်းကျောင်းလေးကတော့ အဲ့ဒီ မတူညီတဲ့ ပန်းကလေးတွေကို အချိန်ယူ စောင့်ဆိုင်းပြီး၊ လိုအပ်တဲ့ အလင်းရောင်နဲ့ ရေကိုပေးကာ အလှပဆုံး ပွင့်လန်းလာအောင် ပြုစုပျိုးထောင်ပေးနေတဲ့ ဥယျာဉ်မှူးကောင်းတွေလိုပါပဲ။ ဒီနေရာလေးမှာ ကလေးငယ်တွေရဲ့ တိုးတက်မှုတိုင်းက ကြယ်ပွင့်လေးတွေလို လင်းလက်တောက်ပနေပြီး၊ ပတ်ဝန်းကျင်ကိုလည်း မျှော်လင့်ချက်တွေနဲ့ အလင်းပေးနေပါတယ်။
ရုပ်/သံ - The Stories
ကျောင်း - Star Flower Centre
#ဧရာဝတီ #မြန်မာ #ကြယ်ပန်း #StarFLower #မသန်စွမ်း #ရွှေ့ပြောင်းလုပ်သား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: