မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဟာသရဏဂုံတော်ကြီး
Автор: BUDDHA'S DHAMMA CHANNEL
Загружено: 2026-01-04
Просмотров: 117
သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပြားများသော ပုဂ္ဂိုလ်သည်
အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
⸻
၁။ ဒိသာသု ပူဇိတော ဟောမိ
သွားလေရာ အရပ်တိုင်း၌ လူအများ၏ လေးစားမြတ်နိုးခြင်းကို ခံရမည်။
၂။ တိက္ခပညာ
ဉာဏ်ပညာ အလွန်ထက်မြက်မည်။
၃။ သဗ္ဗေ ဒေဝါ နုဝတ္တန္တိ
နတ်တို့၏ စောင့်ရှောက်ခြင်းကို ခံရမည်။
၄။ အမိတဘောဂံ လဘာမဟံ
စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။
၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ
ဖြစ်လေရာ ဘဝတိုင်း၌ ရုပ်အဆင်း အလွန်လှပမည်။
၆။ ပဋိကန္တော ဘဝါမဟံ
ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇။ မိတ္တာနံ အစေလော ဟောမိ
ဖြစ်လေရာ ဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈။ ယသော အဗ္ဗုဂ္ဂတော မမံ
ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားချီးမြှောက်ခြင်းကို ခံရမည်။
ကောင်းသောစကားများသာ ပြောကြမည်။
ကောင်းသတင်းများသာ ကျော်ဇောလိမ့်မည်ဟု
တိသရဏမထေရ် ရဟန္တာအရှင်မြတ် က ဟောကြားခဲ့ပါသည်။
⸻
ဒီဃနိကာယ် (နှာ–၃၃၂)
သံယုတ္တနိကာယ် (နှာ–၃၄၁)
တို့၌ ဖော်ပြထားသော သရဏဂုံ ၏ အကျိုးတရားများ မှာ—
⸻
၁။ ယခုပစ္စုပ္ပန်ဘဝ၌
ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော
အန္တရာယ်များ၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊
ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊
အပါယ်လေးပါးသို့ လားရောက်ရခြင်း စသည်တို့ကို
တားမြစ်ဖျက်ဆီးပေးနိုင်ပါသည်။
၂။ နောင်ဘဝ၌ နတ်ပြည်သို့ ရောက်သောအခါ
သရဏဂုံတည်သော နတ်သည်
သရဏဂုံ မတည်သော နတ်ထက်—
• အသက်ရှည်ခြင်း
• အဆင်းလှခြင်း
• အခြွေအရံ ပေါများခြင်း
• အပူဇော်ခံရခြင်း
• ထက်မြက်သော ဉာဏ်ပညာရှိခြင်း
• မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာ ရရှိခြင်း
• ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း
• ချစ်ခင်နှစ်သက်မှု ရရှိခြင်း
• ကျော်စောထင်ရှားခြင်း
• အစိုးရခြင်း
• နတ်တို့၏ အာရုံငါးပါး၌ သာလွန်ခြင်း
• မိမိအလိုကို အခြားနတ်များက လိုက်လျောရခြင်း
• မိမိ၏ အဆွေခင်ပွန်းများကို မည်သူမျှ မဖျက်ဆီးနိုင်ခြင်း
စသည့် အကျိုးတရားများနှင့် ပြည့်စုံနိုင်ပါသည်။
⸻
ထို့ကြောင့်…
အလွန်အလုပ်များ၍ တရားအားထုတ်ရန် အချိန်မရသောသူများသည် သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပြားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပြားများခြင်း၏ အကျိုးကြောင့် တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါလိမ့်မည်။ သံသရာ၌ ကျင်လည်ရလျှင်လည်း ဖော်ပြခဲ့သော အကျိုးတရားများကို ရရှိကြပါလိမ့်မည်။
ထို့ကြောင့်
သရဏဂုံ သုံးပါးကို သတိရတိုင်း၊ အမှတ်ရတိုင်း
စိတ်ထဲမှ ရွတ်ဆိုပြားများကြပါရန်
တိုက်တွန်းအပ်ပါသည်။
#မျှဝေပူဇော်ပါသည်။
ပထမလယ်တီဆရာတော်ဘုရားကြီး#မဟာသရဏဂုံတော်ကြီး#ပရိတ်တော်များ#ပဋ္ဌာန်းနှင့်ပရိတ်ကြီး #ပဉာဝါရပဌာန်းပါဋိတော် #မဟာသမယသုတ်#ဓမ္မစကြာ#Buddha#Dhamma#တရားတော်များ#တရားတိုများ#ဗုဒ္ဓ#ဓမ္မ#တရားတော်များစုစည်းရာ#တရားတော်များ မျှဝေရာ#Dhammatalk#Dhammatayar#Dhamma for life#Tayar Taw
*ဓမ္မချစ်ခင် သူတော်စင်အပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ*🙏🙏🙏
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: