腊戌市联合区象海乡将在2月26日举行第122届湿婆神祭拜赶摆活动
Автор: 果敢资讯网(果敢资讯网)
Загружено: 23 февр. 2025 г.
Просмотров: 928 просмотров
【果敢通讯社】2月23日报道:腊戌市联合区象海乡湿婆神庙,将在2月26日举行第122届湿婆神祭拜赶摆活动,寺庙诚邀各界信众前来参与,共同见证这一年度宗教盛事。
湿婆神在缅甸宗教文化中影响深远,其祭拜活动深受信徒重视。历年来,该活动通常会持续约一周,吸引众多国内外信众身着盛装前来朝拜,并积极捐助善款支持寺庙建设,活动氛围庄重而热烈。同时,活动还吸引着大批游客慕名而至,共同感受浓厚的宗教氛围。
据负责人介绍,受当前局势影响,今年的赶摆活动缩短至一天,但寺庙仍热忱欢迎信众前来参与,共同祈福。而活动当天收到的善款将全部用于寺庙设施维护,以延续信仰传统,传承宗教文化。
据悉,赶摆活动现场不仅有传统的礼佛仪式,还设有民俗特色美食及手工艺品展销,旨在为当地经济和文化交流注入活力。
လားရှိုးမြို့၏အထင်ကရ နေရာတစ်ခုဖြစ်သော ပေါ်တော်မူ သီရိသျှီဝရှန်ခိုက်ဘုရားကျောင်းတွင် (၁၂၂)ကြိမ်မြောက် ဘုရားရှိခိုးပူဇော်ပွဲကို(၂၆.၂.၂၀၂၅)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ပေါ်တော်မူသီရိသျှီဝရှန်ခိုက်ဘုရားကျောင်းသည် ဆုတောင်းပြည့်ခြင်း၊အဓိဌာန်အောင်မြင်ခြင်းတို့ဖြင့် နာမည်ကျော်ကြားလူသိများကာ ကြည်ညိုပူဇော်သူတို့အကြား ထင်ရှားသောဘုရားကျောင်းဖြစ်သည်။ရှေးယခင်နှစ်များတွင် ဘုရားပွဲကိုရက်ရှည်ကျင်းပပြီး တစ်နိုင်ငံလုံးကလာရောက်ပူဇော်ကြသူများဖြင့် အထူးစည်ကားခဲ့သည်။ယခုနှစ်တွင်မူ အလှူငွေ အားနည်းမှုကြောင့် (၂၆.၂.၂၀၂၅)ရက်နေ့ တစ်ရက်ထဲသာ အစဉ်အလာမပျက်ကျင်းပနိုင်မည်ဖြစ်ကြောင်းသိရသည်။
ပေါ်တော်မူ သီရိသျှီဝရှန်ခိုက်ဘုရား၏ဘုရားဂေါပကအဖွဲ့ဥက္ကဌက မြန်မာပြည်တစ်ဝန်းလုံးရှိ အလှူရှင်များနှင့်ပြည်ပမှ အလှူရှင်များကြောင့် ရှန်ခိုက်ဘုရားပွဲကို အရင်က ကြီးကြီးကျယ်ကျယ် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။(၁၉၀၃)ခုနှစ်က စတင်တည်ထားပူဇော်ခဲ့သော ရှန်ခိုက်ဘုရားကို ယခုကဲ့သို့ထင်ရှားလာအောင် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ရကြောင်းကိုလဲ ရှင်းပြသည်။
(၂၆.၂.၂၀၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဘုရားရှိခိုးပူဇော်ပွဲကို ဒေသခံများ၏အလှူငွေများဖြင့် သာ မ,တည်ထားကြောင်းသိရှိရသည်။(၂၆)ရက်နေ့မနက်ခင်းမှ စတင်ကာ(Shiv Puran)သျှီဝကျမ်းစာ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီးည(၈:၀၀)မှမနက်(၄:၀၀)အထိဘုရားရှိခိုးပူဇော်ပွဲပြုလုပ်ကျင်းပမည်ဖြစ်သည်။သက်သတ်လွတ် ထမင်းဟင်းများကိုလဲ အစဉ်အလာမပျက် ဒါနပြုကျွေးမွေးမည်ဖြစ်ကြောင်းသိရသည်။
ပေါ်တော်မူသီရိသျှီဝရှန်ခိုက်ဘုရားကျောင်း၏ ဘုရားဂေါပကအဖွဲ့ဥက္ကဌက" ဘုရားပွဲကို အရင်လို ခမ်းခမ်းနားနားမလုပ်နိုင်သေးဘူးပေါ့နော်၊ရတဲ့အလှူငွေလေးနဲ့ အစဉ်အလာမပျက်အောင် ကျင်းပမှာဖြစ်ပါတယ်။လိုအပ်တာလေးတွေပြောရရင်တော့ ဘုရားကျောင်းမှာ လက်ရှိလိုအပ်နေတာက သုံးထပ်ဆွမ်းစားကျောင်းအသစ်ပေါ့ဗျာ၊ အရင်က ဆောက်ဖို့ လျာထားတာ ၊အခြေအနေတွေကြောင့် မဆောက်ဖြစ်လိုက်ဘူး၊နောက်တစ်ခု ကတ္တရာလမ်းကိုပြန်ပြီး ပြုပြင်ချင်တာပါ၊အရင်ကလဲ ဒီလမ်းကို ဘုရားကျောင်းရန်ပုံငွေနဲ့ ဖောက်ခဲ့ကြတာပါ၊ကတ္တရာပုံး ပေပါနှစ်ဆယ်လောက်ရရင် လမ်းပေါက်နေတာတွေ ဖာရမယ်၊ပြင်သင့်တဲ့ နေရာပြန်ပြင်ရမယ်ပေါ့နော်၊အုပ်ချုပ်ရေးပိုင်းကိုလဲ တင်ပြထားပါတယ်၊ပြည်သူတွေအနေနဲ့လဲ သဒ္ဒါတရားနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါတယ်"ဟု ပြောခဲ့ကြောင်းသိရှိရသည်။
(记者 郑贤智)

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: