ဥာဏ်ကြီးရှင်ကော်ဖီနဲ့ ကော်ဖီစိုက်ပျိုးသူတောင်သူကြား ပျိုးပင်ဖိုးကိစ္စမပြေလည်ပဲဆက်လက်ညှိုနှိုင်း...
Автор: Mya Yeik
Загружено: 2025-11-19
Просмотров: 195
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဥာဏ်ကြီးရှင်အမှတ် တံဆိပ် ကော်ဖီထုတ်လုပ်သူ အောင်နေလင်းထွန်းကုမ္ပဏီ က ရွာငံမြို့မှာ ကော်ဖီပျိုးပင်ပေါင်း ခုနှစ်သိန်းကျော်ပျိုးထားတဲ့ အကြီးဆုံး ကော်ဖီပျိုးခြံကြီးကိုတည်ထောင်ခဲ့ပြီး ကန်ထရိုက်စနစ်နဲ့ ကော်ဖီစိုက်ပျိုးထုတ်လုပ်သွား ဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီကော်ဖီပျိုးပင်တွေကို ရှမ်းပြည်နယ် တောင်ပိုင်းနဲ့မြောက်ပိုင်းအပါအဝင် ကယားပြည်နယ်နဲ့ မကွေးတိုင်းကို ပို့ဆောင်ဖို့စီစဥ်ခဲ့ပြီး ရှမ်း ပြည်တောင်ပိုင်းက ဟိုပုံးနဲ့ဆီဆိုင်မြို့ပါဝင်တဲ့ မဲနယ်တောင်ဒေသကိုလည်း ၂၀၁၉ခုနှစ်မှာ ပျိုးပင်ငါးသောင်းဖြန့်ဝေသွားဖို့လျာထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုလျာထားပေမယ့် ပျိုးပင်ပေါင်းနှစ်သိန်း လောက်ဖြန့်ဝေဖြစ်ခဲ့ပြီး ကန်ထရိုက်စနစ်နဲ့ ကော်ဖီစိုက်ပျိုးဝယ်ယူထုတ်လုပ်သွားမယ့် အခြေနေထိရောက်မလာခဲ့ပေမယ့် အဲ့ဒီတုန်းက ပို့ဆောင်ခဲ့တဲ့ ကော်ဖီပျိုးပင်ဖိုးတွေ ပြန် လည်ရရှိဖို့ ကုမ္ပဏီဘက်က ပြန်လည်တောင်းဆိုလာတာပဲဖြစ်ပါတယ်။ ၆နှစ်ကြာပြီးတဲ့နောက် အဲ့ဒီတုန်းက ကော်ဖီပျိုးပင်တွေဟာ ကော်ဖီသီးတွေသီးလာပြီဖြစ်ပေမယ့် ကော်ဖီပျိုးပင်ကိစ္စနဲ့ပတ်သက်ပြီး မဲနယ်တောင်ဒေသက တောင်သူတွေကို သွားရောက် စုံ စမ်းမေးမြန်းရာမှာ တစ်စုံတစ်ရာပြောဆိုခြင်းမရှိတော့ပါဘူး။ ပျိုးပင်ဦးဆောင်ရယူခဲ့တဲ့ ဒေသတွင်းကတောင်သူခေါင်းဆောင်တွေကတော့ လက်ရှိ ၂၀၂၅ ကော်ဖီရာသီမှာ ကော်ဖီအသီးအထွက်နှုန်း ပေါ်မူတည်ပြီး ပြန်လည်ပြောကြားမယ်လို့ ဖြေကြားခဲ့ပါတယ်။ လက်ရှိ ၂၀၂၅ ခုနှစ်ဟာ တောင်ပေါ်ဒေသမှာ ဂေါ်ရခါး၊ ခရမ်းချဥ◌်စတဲ့ ဟင်းသီးဟင်းရွက်တွေဈေးတွေထပ်ဆင့် ကျဆင်းလာသလို ထောပတ်လို နှစ်ရှည်သီးနှံတွေမှာလည်း ဈေးတွေကျဆင်းနေပါတယ်။ ဒါကြောင့်အခြားသီးနှံဈေးတွေဆက်တိုက်ကျဆင်းလာလို့ လာမယ့် ဒီဇင်ဘာလကစလို့ ရင့်မှည့်လာမယ့် ကော်ဖီရာသီချိန်ဟာ တောင်သူတွေ အားထားရတဲ့ နောက်ဆုံးသီးနှံတစ်ခုဖြစ်လာတာဖြစ်ပါတယ်။ အနည်းဆုံးကော်ဖီပျိုးပင် ၅၀၀ ရယူထားတဲ့တောင်သူဟာ ကျပ်နှစ်သိန်းခွဲ ပေးချေရမှာဖြစ်ပြီးရယူထားတဲ့အပင်များရင်များသလို ပြန်လည်ပေးအပ်ရမှာဖြစ်လို့ သီးနှံဈေးမကောင်းလို့ ကြည်တည်းလာတဲ့တောင်သူတွေဟာ ပျိုးပင်ဖိုးတွေပြန်လည်ပေးဆပ်ဖို့ကိုလည်း အများစုက နှုတ်ဆိတ်နေကြရတာဖြစ်ပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: