တရုတ် စီမံကွပ်ကဲမှုအောက် ရောက်သွားတဲ့ လားရှိုးမြို့ (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 22 апр. 2025 г.
Просмотров: 81 560 просмотров
ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၂၅
တရုတ်ရဲ့ အကျပ်ကိုင် ဖိအားပေးမှုကြောင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တပ်တွေ လားရှိုးမြို့ပေါ်က ဆုတ်ခွာသွားပြီး ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့ကြပါတယ်။
လားရှိုးမြို့ကို တရုတ်ရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်း ကိုယ်တိုင်ဝင်ရောက်ပြီး စီမံကွပ်ကဲနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကို ကျူးကျော်ကွပ်ကဲနေမှုနဲ့ မေးခွန်းထုတ်ခံနေရတဲ့ တရုတ်အစိုးရကတော့ မြန်မာ့အရေးဝင်ရောက်မစွက်ဖက်ဘူးလို့ ထုတ်ပြန်နေတာကိုတွေ့ရပါတယ်။
တရုတ်-မြန်မာ နယ်စပ် သတင်းရင်းမြစ်တချို့ရဲ့ အဆိုအရ တရုတ်ဟာ မူဆယ်ကနေ မန္တလေး တလျောက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ မြို့တွေကိုပါ စစ်တပ်ပြန်အုပ်ချုပ်နိုင်ဖို့ လိုလားနေတာလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်ဟာ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ ဆိုတဲ့ ခေါင်းစဉ်သုံးပြီး လားရှိုးမြို့ပေါ်မှာ ဝင်ရောက်နေရာယူ ကွပ်ကဲနေပြီ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #တရုတ် #MNDAA #TNLA #မူဆယ် #မန္တလေး
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: