ကိုယ့်ကိုယ်ကိုယ်ကိုးကွယ် - မြတ်ငြိမ်း
Автор: Gant Gaw Taw - M Audiobook
Загружено: 2025-09-28
Просмотров: 296
ကိုယ့်ကိုယ်ကိုယ်ကိုးကွယ် (၁) - မြတ်ငြိမ်း
ဘဝရည်မှန်းချက် အောင်မြင်ရေး အတွက်
အကြံဉာဏ်ကောင်းများ
၁ အောင်မြင်မှု
အောင်မြင်ခြင်းသည် ကံတရားနှင့် ဆိုင်သည့် ကိစ္စဖြစ်သည်။ သက်သေထူလိုလျှင် မည်သည့် အရှုံးသမားကိုမဆို မေးကြည့်ပါ။ (အားလ် ဝီလ်ဆင်)
အောင်မြင်မှုကို အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုသည်မှာ သင်၏ ကိုယ်ရေးရည်မှန်းချက်များ တဖြည်းဖြည်း အကောင်အထည်ပေါ်လာခြင်းဟု ကျနော် ယုံကြည်သည်။ ချမ်းသာကြွယ်ဝခြင်း၊ ကျော်ကြားခြင်းနှင့် အခြားအရာများသည် ၎င်းရည်မှန်းချက်များ ပေါက်မြောက်ခြင်း၏ ဘေးထွက်အကျိုးများသာဖြစ်၏။
ကောင်းကောင်းမွန်မွန်နေထိုင်ပြီး မကြာမကြာ ရယ်မောကာ အများကြီးချစ်တတ်သူသည် အောင်မြင်သူဖြစ်၏။ (ရောဘတ် လူဝစ် စတီဗင်ဆင် ၁၈၅၀-၉၄)
တချို့လူတွေက ဖြစ်ရပ်တွေ ဖြစ်ထွန်းအောင် လုပ်ကြသည်။
တချို့လူတွေက ဖြစ်ရပ်တွေ ဖြစ်ထွန်းအောင် စောင့်ကြည့်သည်။
တချို့လူတွေက ဖြစ်ရပ်တွေ ဖြစ်ထွန်းလာသည်ကို အံ့ဩတကြီးဖြစ်ကြသည်။ (အမည်မသိ)
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: