“တပ်ပေါင်စုနဲ့အောင်ပွဲခံနိုင်ဖို့ စိန်ခေါ်ချက်နဲ့အခွင့်အလမ်းတွေ” _ အတွေးခေါ်လမ်း
Автор: People's Spring
Загружено: 2025-12-25
Просмотров: 11873
“တပ်ပေါင်စုနဲ့အောင်ပွဲခံနိုင်ဖို့ စိန်ခေါ်ချက်နဲ့အခွင့်အလမ်းတွေ” _ အတွေးခေါ်လမ်း
တော်လှန်ရေးအင်အားစုတွေက ၂၀၂၅ နှစ်ဆန်းပိုင်းမှာ နိုင်ငံတစ်ဝန်းမြို့ပေါင်း ၁၀၀ လောက်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ သြဂုတ်လနောက်ပိုင်း တရုတ်အစိုးရက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေကို ထိုးစစ်တွေမလုပ်ဖို့ အပြင်းအထန်ဖိအားပေးခဲ့သလို တဖက်မှာ စစ်တပ်ကို လက်နက်ခဲယမ်း၊ ငွေကြေး၊ နည်းပညာ၊ ဒရုန်းကနေ လေယာဥ်အထိအကူအညီပေးခဲ့ပါတယ်။
စစ်တပ်က တရုတ်၊ ရုရှားရဲ့အကူအညီတွေ၊ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အဓမ္မစစ်သားစုဆောင်း
လူငယ်တွေကို စစ်ထဲဝင်ခိုင်းပြီး စစ်သင်တန်းပေးကာ အသေခံစစ်တိုက်ခိုင်းခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်က ၂၀၂၅ နှစ်လယ်ပိုင်းကစပြီး တန်ပြန်ထိုးစစ်တွေပြန်လုပ်လာနိုင်ခဲ့တာပါ။ လက်နက်ခဲယမ်း၊ လူအင်အား၊ လေကြောင်းအားသာချက်တွေနဲ့ နောင်ချိုကစလို့ စစ်တပ်ကဆုံးရှုံးထားတဲ့မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လားရှိူးအပါအဝင် တချို့မြို့တွေကိုတော့ တရုတ်အစိုးရအကူအညီနဲ့စစ်တပ်က တိုက်စရာမလိုဘဲပြန်ရသွားခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၃ အောက်တိုဘာ ၂၇ မှာစတဲ့ ၁၀၂၇ စစ်ဆင်ရေးကစလို့ စခန်းတွေ၊ တပ်ရင်းတွေ၊ တပ်ရင်းဌာနချုပ်တွေ၊ စစ်ဌာနချုပ်တွေ၊ မြို့တွေ ဆက်တိုက်လက်လွတ်ဆုံးရှုံးခဲ့ပြီး စစ်ရေးနိမ့်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ သြဂုတ်လနောက်ပိုင်း စစ်ဦးပြန်မော့လာပါတယ်။
ဒီအခြေအနေမှာ တော်လှန်ရေးတပ်တွေကြား စစ်တပ်ကို တစ်ဖွဲ့ချင်း ဒေသတစ်ခုချင်းတိုက်လို့မရဘဲ မဟာ မိတ်တပ်ပေါင်းစုပုံစံတိုက်မှ အောင်ပွဲရမယ်၊ စစ်တပ်ကိုချေမှုန်းနိုင်မယ်ဆိုတာကို မြင်လာကြ၊ ပြောလာကြပါတယ်။ ဘုံရန်သူတူပေမယ့်၊ အဖြေကိုသိပေမယ့် တော်လှန်ရေးအင်အားစုတွေကြား တော်လှန်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်လာရေးက အသံပဲကြားရပြီးလက်တွေ့မလုပ်နိုင်ကြသေးဘူးဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာတော့ စစ်တပ်ကိုတိုက်နေတဲ့ "နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု"(SRA) ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။ အဖွဲသစ်တွေကိုလည်းဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်အောက််က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)တွေ၊ SRA စတဲ့ စစ်တပ်ကိုတိုက်ခိုက်နေတဲ့တော်လှန်ရေးတပ်တွေအားလုံး စုဖွဲ့တာ၊ တပ်ပေါင်းစုပုံစံနဲ့ စုစည်းနိုင်ရင် အလွန်အားကောင်းတဲ့ တပ်ပေါင်းစုကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ဒါကြောင့် တပ်ပေါင်းစုပုံစံနဲ့တိုက်ပွဲဝင်ပြီး အောင်ပွဲခံနိုင်ဖို့ စိန်ခေါ်မှု နဲ့အခွင့်အလမ်းတွေကို “အတွေးအခေါ်လမ်း” စကားဝိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးထားပါတယ်။ ဆွေးနွေးပွဲမှာ
‣ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC) အတွင်းရေးမှူး (၁) မဇူးပဒုမ္မာ
‣ PDF အထူးတိုင်းစစ်ဌာန၊ ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား
‣ ရွှေဘိုခရိုင်တပ်ရင်း ၉၇၀၆ (ဒေါင်းနီတပ်ရင်း) တပ်ရင်းမှူး ဗိုလ်လကျာ် တို့ကိုဖိတ်ကြားထားပါတယ်။
Moderator အဖြစ် သတင်းတင်ဆက်သူမဂျာမုန်းက ဆောင်ရွက်ထားပါတယ်။
“အတွေးအခေါ်လမ်း” စကားဝိုင်ဆွေးနွေးပွဲတွေကို People’s Goal နဲ့ People’s Spring သတင်းဌာနတို့က ပူးပေါင်းစီစဥ်တင်ဆက်နေတာဖြစ်ပါတယ်။
#အတွေးခေါ်လမ်း #တပ်ပေါင်းစု #People’sSpring #People’sGoal
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: