"ရဲလို့ဖြင့်မဟုတ်ပါ"(ဖြစ်လေရာဘဝကွယ်/repost) စာရေးသူ-ဗန်းမော်တင်အောင်
Автор: Listener's Heaven Audiobooks
Загружено: 2025-12-31
Просмотров: 593
"ရဲလို့ဖြင့်မဟုတ်ပါ"
(ဖြစ်လေရာဘဝကွယ်/repost)
စာရေးသူ - ဗန်းမော်တင်အောင်
စာဖတ်သူ - အိမ့်ထက်
ကြာချိန် - ၁၆ : ၀၇ မိနစ်
စာမြည်း
အန်တီစုက အတိတ်ကဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောဆိုနေလေသည်။
"ဟုတ်ကဲ့၊ မေက ပြောပြလို့ ကျွန်တော်လည်း သိထားပါတယ် အန်တီ"
"ကြာတော့ ကြာပါပြီကွယ်၊ ဟိုတုန်းက အန်တီတို့နဲ့ ဆွေမျိုးသားချင်းလို အင်မတန် ခင်မင်လာခဲ့ကြတဲ့ အသိမိတ်ဆွေတွေလည်း ရှိမှရှိကြသေးရဲ့လား မဆိုနိုင်ဘူးကွယ်၊ ခေတ်ကြီးကလည်း ပြောင်းခဲ့မှကိုး"
"ပွင့်ဖြူမြို့ပေါ်မှာတော့ ကျွန်တော့်မိဘများကို မသိတဲ့လူရယ်လို့ မရှိကြသလောက်ပါပဲ အန်တီ" ပွင့်ဖြူ သားကြီးက ဝါဒဖြန့်လျက်ရှိသည်။
“အေးကွယ်၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က အန်တီတို့ မေရဲ့ မိဘများနဲ့ ပွင့်ဖြူမှာ နေခဲ့ကြရတုန်းက အန်တီတို့နဲ့ အင်မတန်ခင်မင်ကြတဲ့ ကိုကျော်ဒင်နဲ့ မသက်ရှည်တို့ လင်မယားဆိုတာရှိတယ်၊ အစိုးရ ပိုင်းကတော့ မဟုတ်ဘူးကွယ်၊ မြေပိုင်ရှင်နှင့် ကုန်သည်ပိုင်းကပဲ"
"အန်တီပြောတဲ့ အဲဒီ ကိုကျော်ဒင်နဲ့ မသက်ရှည်ဆိုတာဟာ .. တခြားသူတွေလည်း မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော့် မိဘနှစ်ပါး ဖြစ်ပါတယ်"
"ဟေ ဟုတ်ကဲ့လား၊ ဒါထက် ကျန်းကျန်းမာမာပဲလားကွယ်” "ဖေဖေကတော့ ကျွန်တော် မောင်ထွန်းလင်း မိဘနှစ်ပါးစလုံးကော ဆယ်နှစ်သား အရွယ်လောက်တုန်းကပဲ အနိစ္စ ရောက်ရှိသွားပါတယ်၊ မေမေကတော့ ကျန်းကျန်းမာမာနဲ့ ရှိပါသေးတယ် အန်တီ"
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...
#lhaudiobooks #audiobooks
#မြန်မာဝတ္ထု #ဗန်းမော်တင်အောင်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: