ကျွန်တော့်ရဲ့ လိုတရ ခရီးသွား ကျောပိုးအိတ်
Автор: My Notes
Загружено: 2026-01-21
Просмотров: 16936
အရင်တုန်းက ခရီးသွားမယ်ဆိုရင် ကျွန်တော်လည်း Suitcase အကြီးကြီး ၂ လုံးလောက် မပါမဖြစ် သယ်ခဲ့ဖူးတဲ့သူပါ။ "ဟိုဟာ လိုမလား၊ ဒီဟာ လိုမလား" ဆိုပြီး အကုန်ထည့်သယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ခရီးတွေ အများကြီးသွားပြီးတဲ့နောက်မှာတော့ မလိုအပ်တာတွေ အများကြီး သယ်မိနေမှန်း သဘောပေါက်လာပါတယ်။
အခုနောက်ပိုင်း ခရီးသွားတဲ့အခါ ကျွန်တော် ကျောပိုးအိတ် (Backpack) တစ်လုံးတည်းပဲ ယူပါတော့တယ်။ အိတ်က မကြီးသလို၊ လေးလည်း မလေးပါဘူး။ Carry-on အနေနဲ့ပဲ သယ်သွားလို့ရတဲ့အတွက် လေဆိပ်မှာ Luggage စောင့်ရတဲ့ အချိန်တွေလည်း သက်သာသွားပါပြီ။
ဒါကြောင့် အိတ်သေးသေးလေးတစ်လုံးထဲမှာ ဘယ်လို ပစ္စည်းတွေ အစုံပါအောင် ထည့်မလဲ? မရှိမဖြစ် လိုအပ်တာတွေက ဘာတွေလဲ? မလိုအပ်ဘဲ ဝန်ပိစေမယ့်အရာတွေကို ဘယ်လို စွန့်လွှတ်ခဲ့လဲဆိုတာကို ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒီဗီဒီယိုလေးမှာ မျှဝေပေးထားပါတယ်။
ခရီးသွားရတာ ဝါသနာပါပြီး ပေါ့ပေါ့ပါးပါး သွားချင်သူတွေအတွက် အသုံးဝင်မယ့် Tips လေးတွေ ပါဝင်တာမို့ အဆုံးထိ ကြည့်ပေးကြပါဦးခင်ဗျာ။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: