Pray for families in crisis ~ မိသားစုအရေး ဆုတောင်းပေး 🙏
Автор: RC_ဝိညာဥ်အာဟာရ
Загружено: 2025-03-10
Просмотров: 45
*#မိသားစုအရေးဆုတောင်းပေး*
(Pray for the families in crisis)
+~+~+~+~+~+~+~+~+
ကျွန်ုပ်တို့ အားလုံးမှာ ပြည့်စုံပြီး လှပတဲ့ မိသားစု တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အိမ်မက် ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ အဲလိုမျိုး ပြည့်စုံနေတဲ့ မိသားစု ဆိုတာ မရှိပါဘူး။
၂၀၂၅ခုနှစ် မတ်လမှာ ပုပ်ရဟန်းမင်းကြီးရဲ့ဆုတောင်း ပေးဖို့ရည်ရွယ်ချက်ဟာ “ပြိုကွဲခက်ခဲနေကြတဲ့မိသားစုတွေ” အတွက် ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ အရမ်းပျော်ရွှင်ရတာ ရှိသလို သူ့ပြဿနာနဲ့သူ ရင်ဆိုင်နေ ရတာလည်း ရှိပါတယ်။ မိသားစုဝင် တစ်ဦးချင်းစီဟာ အရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး မတူကြဘူး၊ တစ်ဦးချင်းစီက တမူထူးခြား (ယူနှိပ်ခ်)ဖြစ်တယ်။ အရည်အချင်း အစွမ်းအစတွေ မတူကြဘူး။
ဒါပေမဲ့ မတူညီမှုတွေနဲ့လည်း ပြဿနာတက်စေနိုင် ပါတယ်၊ (စိတ်ဒဏ်ရာ)အနာတရတွေ ဖြစ်စေ နိုင်ပါတယ်။ မိသားစုရဲ့စိတ်ဒဏ်ရာ တွေကို ကုသနိုင်မယ့် အကောင်းဆုံး ဆေးတစ်မျိုး ကတော့ ခွင့်လွှတ်ခြင်းပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ပေးခြင်း ဆိုတာဟာ နောက်ထပ် အခွင့်အရေးပေးလိုက်ခြင်း ဖြစ်ပါတယ်။
ဘုရားသခင်က ကျွန်ုပ်တို့ကို အမြဲတမ်းခွင့်လွှတ်ပေးတယ်။ ဘုရားသခင်က အကြွင်းမဲ့ စိတ်ရှည်သူ ဖြစ်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ခွင့်လွှတ် မြှင့်တင်ပေးပြီး အသစ်ကနေ တဖန်ပြန်စခွင့် ပေးပါတယ်။
ခွင့်လွှတ်ခြင်းဟာ မိသားစုကို ဆန်းသစ်စေပြီး မိသားစုရဲ့ အနာဂတ်ကို မျှော်လင့်ချက်နဲ့ ကြည့်စေပါတယ်။ ပျော်ရွှင်စွာ နေဖို့ မဖြစ်နိုင် ရင်တောင် ကျွန်ုပ်တို့ကို ဘုရားသခင် ပေးထားတဲ့ ငြိမ်းချမ်းခြင်းနဲ့ ခွင့်လွှတ်ခြင်း ကျေးဇူးတော် အားဖြင့် မိသားစု ခွန်အားယူ ကြဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုလုပ်ဆောင်နိုင်တဲ့ ကျေးဇူးတော် က ကျွန်ုပ်တို့ကို စိတ်မကျေမချမ်းဖြစ်ခြင်းနဲ့ ဝမ်းနည်းခြင်း တွေကနေ ကင်းဝေးစေတာ ဖြစ်ပါတယ်။
ပြိုကွဲခက်ခဲနေကြတဲ့မိသားစုတွေ ခွင့်လွှတ်ခြင်းအားဖြင့် စိတ်ဒဏ်ရာအတွက် ကုသမှုတွေ ရရှိနိုင်ကြပြီး မတူညီမှုတွေကြား တစ်ဦးကအခြားတစ်ဦးရဲ့ လက်ဆောင်နဲ့ ကောင်းမြတ်မှုတွေကို ပြန်ရှာတွေ့ နိုင်ဖို့ ဆုတောင်း ပေးကြပါစို့။
✍️Fr.ထန်းဟာ,SJ✍️
Source: Vatican Media
#familiesincrisis #pray #PopeFrancis #PopesPrayerIntention
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: