ဂျာနယ်ကျော်မမလေး - မုန်း၍မဟူ( ဇာတ်သိမ်းပိုင်း)
Автор: May Thitsar Hsu Audiobooks
Загружено: 2020-07-30
Просмотров: 16759
ဆရာမ ဂျာနယ်ကျော်မမလေးဟာ ၂၀ရာစုမှာ ကျော်ကြားခဲ့တဲ့ မြန်မာအမျိုးသမီးစာရေးဆရာအနည်းစုထဲမှာ လူထုဒေါ်အမာနဲ့ အတူ ကျော်ကြားခဲ့တဲ့စာရေးဆရာမဖြစ်ပါတယ်။
အခုကတော့ ဆရာမရေးသားခဲ့တဲ့ မုန်း၍မဟူ စာအုပ်ကို အပိုင်းဆက်အနေနဲ့ ဖတ်ပြပေးနေတာဖြစ်ပါတယ်ရှင်။
မုန်း၍မဟူစာအုပ်ကို မြန်မာနိုင်ငံမှာ ၁၉၅၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ရုရှား ၊ဥဇဘတ်၊အင်္ဂလိပ်၊ တရုတ်၊ပြင်သစ် ဘာသာတို့နဲ့ပြန်ဆိုခဲ့ပါတယ်။
မုန်း၍မဟူစာအုပ်ကို မြန်မာနိုင်ငံစာပေအသင်းကြီးမှလည်း
၁၉၅၅ခုနှစ်ထုတ် ဝတ္ထုများအနက် အကောင်းဆုံးဝတ္ထု အဖြစ်သတ်မှတ်ကာ စာပေဗိမာန်ဆု ပေးခဲ့ပါတယ်။
တရုတ်ဘာသာပြန် စာအုပ်ရဲ့ အမှာစာမှာလည်း အနောပ်တိုင်းကို အထင်ကြီးချင်တာတွေ ကိုယ့်ကိုကိုယ် နိမ့်ကျတဲ့ လို့ ထင်နေတဲ့ သူတွေအတွက် သတိပေးခေါင်းလောင်းသံလို့ ရေးသားထားပါတယ်။
ဒီစာအုပ်ကို အခု ဇာတ်သိမ်းပိုင်း အနေနဲ့ ဖတ်ပြပေးမှာ ဖြစ်ပါတယ်ရှင်။
#ဂျာနယ်ကျော်မမလေး #မုန်း၍မဟူ - ဇာတ်သိမ်းပိုင်း
#အသံစာအုပ် #အသံဝတ္ထု #အသံထွက်စာအုပ်
#အသံထွက်ဝတ္ထု
#audiobook #audiobookmyanmar
#ဂျာနယ်ကျော်မမလေး #အသံစာအုပ်
ဒီ ချန်နယ်မှာ အဓိကအားဖြင့် တခတ်တခါက ကျော်ကြားခဲ့တဲ့ စာပေတွေကို ခုခေတ်စာဖတ်တဲ့ သူတွေနဲ့ အဆက်မပြတ်သွားဖို့ရာ ရည်ရွယ်ပါတယ်။
ဆရာမမိုးမိုးအင်းလျား၊ဂျာနယ်ကျော်မမလေး၊ဆရာသော်တာဆွေ၊ဆရာငြိမ်းကျော်၊ ဆရာမခင်နှင်းယုဝတ္ထုတိုများ၊ဆရာမ ခင်ခင်ထူးဝတ္ထုတို နှင့် ဆရာမ မစန္ဒာတို့ရဲ့စာအုပ်တွေကို အဓိကထားပြီး တွေ့ရမှာဖြစ်ပါတယ် ။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: