ILO ဆုံးဖြတ်ချက် CMP ကဏ္ဍအပေါ် များစွာစိတ်မကောင်းဖြစ်ရဟု အထည်ချုပ်အသင်း ထုတ်ပြန်
Автор: BETV Business
Загружено: 2025-06-14
Просмотров: 799
ILO ဆုံးဖြတ်ချက် CMP ကဏ္ဍအပေါ် များစွာစိတ်မကောင်းဖြစ်ရဟု အထည်ချုပ်အသင်း ထုတ်ပြန်
ရန်ကုန်၊ ဇွန် ၁၄
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် Article 33 ကျင်သုံးမှုအစီအမံတွေနဲ့ စောင့်ကြည့်ဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းအတွက် အလုပ်သမားများစွာ မှီခိုလုပ်ကိုင်နေတဲ့ မြန်မာ့ CMP ကဏ္ဍအတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က ကြေငြာချက် ထုတ်ပြန်ပါတယ်။
ILO မှ ဆုံးဖြတ်တဲ့ Article 33 ရဲ့ အကြံပြုချက် လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး တိုးတက်မှုကို ရှေးရှုပြီး MGMA အနေနဲ့ ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ILO အနေနဲ့ ဇွန်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ Article-33 လို့ ခေါ်ဝေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၃ အရ မြန်မာနိုင်ငံကို အရေးယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အလုပ်သမားဝန်ကြီးဌာနဘက်က ILO ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးကို ဖိအားပေးလိုခြင်းဖြစ်ပြီး မြန်မာအစိုးရအပေါ် ILO စာမျက်နှာကတစ်ဆင့် ဖိအားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တစ်ဖက်သတ် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်လို့ ဆိုပါတယ်။
ILO ရဲ့ဆုံးဖြတ်ချက်ကို လေ့လာခဲ့ရာ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်တာကိုလည်း နစကဝန်ကြီးဌာနရဲ့ ဇွန်လ ၆ ရက်နေ့၊ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ MGMA အသင်းဝင် စက်ရုံပေါင်း ၅၂၃ ရုံရှိတဲ့အနက် ၆၀ ရာခိုင်နှုန်းက ဥရောပဈေးကွက်၊ ၂၀ ရာခိုင်နှုန်းက ဂျပန်ဈေးကွက်နဲ့ ကျန် ၂၀ ရာခိုငနှုန်းက အခြားဈေးကွက်တွေကို တင်ပို့နေတာပါ။
ဒါ့ကြောင့် CMP လုပ်ငန်းကဏ္ဍက စက်ရုံ အလုပ်ရုံတွေဟာ MGMA မှ ဆောင်ရွက်လျက်ရှိတဲ့ ကျင့်ဝတ်စည်းကမ်းလိုက်နာမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုအစီအစဉ်ကို လိုက်နာဆောင်ရွက်ကြရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ်ကဏ္ဍမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ဒေါ်လာ ၇၅၀ သန်းခန့် ဝင်ငွေရရှိမှု လျော့သွားတာကို မှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှ အထည်ချုပ်တွေကို အမေရိကန်၊ အီးယူ၊ ဂျပန်၊ ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်ကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
သတင်း - BETV Business
▶BETV Business News Youtube: / @betvbusiness
#Myanmar_Business_News #BETV_Business_News #အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် #ILO #Article33 #မြန်မာနိုင်ငံ #အထည်ချုပ် #MGMA

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: