10 November 2025အင်အား ၁၈၀ ပါ စစ်အုပ်စု စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စကစ ၁၇ ဦး tဆုံး
Автор: MR,KYAW VlOG (Official)
Загружено: 2025-11-09
Просмотров: 1234
◼️ဝက်လက်မှာ အင်အား ၁၈၀ ပါ စစ်အုပ်စု စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စကစ ၁၇ ဦး tဆုံး
နိုဝင်ဘာ ၁၀
ဝက်လက်မြို့နယ်၊ ရွာသာကြီးကနေ ထွက်ခွာလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စကစ ၁၇ ဦး tဆုံးခဲ့တယ်လို့
ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အင်အား ၁၈၀ ခန့်နဲ့ ရွာစဉ်ပတ်မီးရှို့လာတဲ့စစ်အုပ်စုစစ် ကြောင်းကို ဝက်လက်မြို့တွင်းအထိုင်စခန်းသို့မရောက်မီ
လမ်းခုလတ်တနေရာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြိး စကစ တွေ အထိနာခဲ့တာကြောင့် ဝက်လက်မြို့တွင်းအထိုင်စခန်းသို့ ဖရိုဖရဲထွက်ပြေးဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်းကို စစ်ကြောင်းများ ဖြန့်ကျက်လှုပ်ရှားနေတာကြောင့် အချိန်မရွေးထိတွေ့တိုက် ပွဲဖြစ်ပွားနိုင်ပြီး ပြည်သူတွေအနေနဲ့ သက် ဆိုင်ရာအဖွဲ့စည်းတွေရဲ့ သတိပေးညွန်ကြားချက်များကို လိုက်နာကြဖို့ အသိပေးထားပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ လျှပ် စီးပျောက်ကြားတပ်ဖွဲ့ ၊ နတ်တောင်နဂါးတပ်ဖွဲ့တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: