ဒေသခံများ အလံဖြူထောင်ပြီး စွန့်ခွာသွားသည့် လားရှိုးမြို့အခြေအနေ
Автор: Myanmar Now News
Загружено: 2024-07-05
Просмотров: 463007
ဒေသခံများ အလံဖြူထောင်ပြီး စွန့်ခွာသွားသည့် လားရှိုးမြို့အခြေအနေ
…………
မြို့အနီး ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ထောင်ချီသည့် မြို့ခံများသည် အလံဖြူများထောင်ကာ ကားများဖြင့် မြို့ကိုစွန့်ခွာနေကြသည်။ မြို့ပေါ်လူဦးရေ၏ ထက်ဝက်ခန့်သည် တိမ်းရှောင်သွားကြပြီး၊ မြို့ပေါ် ကျန်ရစ်သူများလည်း စစ်ရေးအခြေအနေများကို စောင့်ကြည့်နေကာ တိမ်းရှောင်ရန် ပြင်ဆင်ထားကြသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့အနီးရှိ တိုက်ပွဲများနှင့် ပတ်သက်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ တိုက်ပွဲများတွင် ၎င်းနှစ်ဖွဲ့ ဦးဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
သတင်း၊ တင်ဆက် - မြတ်ပန်း၊ မင်းမောင်၊ မြတ်ကြီး
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: