သရဲရှိတယ်ဆိုတဲ့ "ကောင်ဒေါဂူ"
Автор: YEIN YAM Vlog
Загружено: 2023-06-16
Просмотров: 173157
ပါးစပ်ရာဇဝင်အရ "ဒေါ"ဆိုတဲ့မုဆိုးတစ်ဦး သမင်ကိုလိုက်ရာ သမင်ကလွတ်မြောက်ဖို့ဒီဂူထဲဝင်လိုက်ပါတယ်
မုဆိုးလည်း ဂူထဲလိုက်ရှာရာကနေ အစအနမတွေ့တော့လို့ ညစ်ညမ်းတဲ့စကားနဲ့ ဆဲဆိုလိုက်ပါတယ်။
ညစ်ညမ်းတဲ့စကားကြောင့် "ဒေါ"မုဆိုးကြီးကို ရုပ်တရက်ဂူဖုံးပိတ်မိခဲ့ပါတယ်။
ဂူဟာ တောင်ကြီးတစ်ခုအောက်မှာ တည်ရှိပါတယ်။
"ဒေါ"ဆိုတဲ့မုဆိုး တောင်အောက်ရှိဂူထဲပိတ်မိတဲ့အတွက် ယနေ့ချိန်ထိ "ကောင်ဒေါဂူ" လို့ ခေါ်တွင်ကြပါတယ်။ ("တောင်"ကို ပအိုဝ်းလို "ကောင်" ပါ)
(ဒါက နောက်တစ်ခု)
ခရီးသွားတချို့က ထူးဆန်းတဲ့ အင်္ကျီဖြူဝတ်စုံ ဆံပင်ဖားလားကြီးနဲ့ လူလိုလိုသရဲလိုလို ဂူထဲတွေ့မိတယ်လို့ ပြောကြပါတယ်။ တွေ့ပြီးခဏမျက်စိတမှိတ်မှာ ပြန်ပျောက်သွားပါတယ်။
ကျတော်တို့အဖွဲ့လည်း
ဂူထဲ သရဲရှိမရှိနဲ့ ဘာတွေရှိနိုင်လဲဆိုတာ သိချင်တဲ့အတွက်ကြောင့် ဝင်ရောက်စူးစမ်းလေ့လာခဲ့ပါတယ်။ ဘာထူးဆန်းတာတွေ တွေ့ရလဲဆိုတာ တချက်လေ့လာကြည့်ရှုကြပါအုံးနော်။
#YeinYam #AdventureTrip #NatureLovers #ဂူ #Pinlaung #YeinYamvlog
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: