ရေပေါ်ရုပ်သေးပြဇာတ် (Water Puppet Show)🎭
Автор: Thet Mon’s Memories
Загружено: 2025-12-24
Просмотров: 93
ရေပေါ်ရုပ်သေးပြဇာတ် (Water Puppet Show)🎭
ရေပေါ်ရုပ်သေးပြဇာတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ကျော်လောက်ကတည်းက စတင်လာတဲ့ဗီယက်နမ်မြောက်ပိုင်း Red River Delta ဒေသရဲ့ ရိုးရာအနုပညာတစ်ခုပါ။
အဲဒီခေတ်အခါတွေတုန်းကလယ်သမားတွေဟာ မိုးရာသီရေကြီးချိန်မှာလယ်ကွင်းတွေ၊ ရေကန်တွေကို အသုံးပြုပြီး
ပွဲတော်အဖြစ် လူထုကို ဖျော်ဖြေခဲ့ကြပါတယ်။
(Ly Dynasty – ၁၁ ရာစု)
လီ ဘုရင်မင်းဆက်ခေတ်ကာလမှာတော့ ရေပေါ်ရုပ်သေးပြဇာတ်ကို ဘုရင်ရဲ့ နန်းတော်ထဲအထိ ခေါ်ယူပြသနိုင်လာကြပြီး အနုပညာတစ်ရပ်အဖြစ် တန်ဖိုးမြင့်လာခဲ့ပါတယ်။
တင်ဆက်ပြသပုံကတော့ ပေါ့ပါးတဲ့သစ်သားနဲ့လုပ်ထားပြီး လက်ပန်းချီဆိုးထားတဲ့ရုပ်သေးတွေကိုရေအောက်မှာရှိတဲ့ တုတ်တံတွေ ၊ကြိုးစနစ်တွေ ကနေ နောက်ကွယ်ကလူတွေက ထိန်းချုပ်ရပါတယ်။
ပြဇာတ်အနေနဲ့ကတော့ ဗီယက်နမ်ရိုးရာပုံပြင်တွေ၊
ဒဏ္ဍာရီဇာတ်လမ်းတွေ၊ကျေးလက်လူနေမှုဘဝတွေကို ရိုးရာ တူရိယာတွေ ၊တေးသီချင်းတွေ ၊နောက်ခံစကားပြော တွေနဲ့ တွဲဖက်ပြီး ဖျော်ဖြေတင်ဆက်ကြတာဖြစ်ပါတယ်။
ယနေ့ခေတ်မှာတော့ ရှေးဟောင်းအနုပညာတစ်ရပ်ဖြစ်တာမို့ UNESCO အဖွဲ့ကလည်း အသိမှတ်ပြုထားပါတယ်။ ယခုဟန်နွိုင်းမြို့မှာ အထူးပြဇာတ်ရုံတွေရှိပြီးနိုင်ငံခြားသားတွေကိုပါ ဆွဲဆောင်တဲ့ဗီယက်နမ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းထားပါတယ်။
ရေပေါ်ရုပ်သေးပြဇာတ် ဟာဗီယက်နမ်လယ်ယာလူနေမှု၊ သမိုင်းနဲ့ ယဉ်ကျေးမှုကို ရေပြင်ပေါ်ကနေ အသက်ဝင်စေတဲ့ ရိုးရာအနုပညာတစ်ခုပါ။
Hanoi ကို ရောက်တဲ့အခါ ခရီးသွားတွေအနေနဲ့ မဖြစ်မနေ ကြည့်သင့်တဲ့ နာမည်ကြီးယဉ်ကျေးမှုအတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။
#ThetMon #memories #explore #vietnam #adventure #hanoi #UNESCO #thanglong #waterpuppetshow #culture #tradational #ဗီယက်နမ် #ဟန်နွိုင်း #ရုပ်သေး #ပြဇာတ်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: