Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

မပျော်ချင်ရင် ဒါကို မကြည့်နဲ့ - Dopamine Nation

Автор: Dr. Phyo Paing

Загружено: 2023-04-08

Просмотров: 23197

Описание:

မပျော်ချင်ရင် ဒါကို မကြည့်နဲ့ - Dopamine Nation

Stanford Professor
neuroscientist ဖြစ်တဲ့
Huberman lab ကို တည်ထောင်တဲ့
Dr. Andrew Huberman ညွှန်းတဲ့
စာအုပ်နှစ်ဆယ်က Dopamine Nation ကို
ဖတ်ပြီး တော်တော်လေး တွေးစရာတွေ
အများကြီးရတယ်။

ဟိုနေ့ကမှ အပေါင်းနဲ့ အနှုတ်ဆိုပြီး
စဥ်းစားမိတာကို ရေးလိုက်သေးတယ်။
Dopamine nation မှာတော့
ဒါကို သုတွေသနတွေနဲ့ အမှန်အကန်
ရေးထားတာ ရေရေလည်လည်မိုက်တယ်။

Dopamine ဆိုတာ ဦးနှောက်ထဲက
ဆဲလ်တွေအချင်းချင်း ဆက်သွယ်တဲ့
neurotransmitter တစ်မျိုးဖြစ်တယ်။
အလုပ်ပြီးမြောက်တဲ့အခါထွက်တယ်။
Coffee, ချောကလက်၊ game ဆော့၊
sex နဲ့ ဆေးသုံးရင်လဲထွက်တယ်။
Social media သုံးရင်လဲထွက်တယ်။
ပမာဏကတော့ လုပ်ရပ်ပေါ်မူတည်ပြီးမတူဘူး။
လူတွေကို ပျော်ရွင်တက်ကြွစေသလို
သူ့ဖြတ်လိုက်ရင်လဲ စိတ်ညစ်စေတယ်။

လူတွေက addiction စွဲလမ်းမှု ကိုဖြတ်ဖို့
နည်းလမ်းရှာကြတယ်။​
addiction ဆိုတာ စိတ်ပိုင်းဆိုင်ရာ
ကိုယ်ပိုင်းဆိုင်ရာစွဲလမ်းနေတာ။
obsession ဆိုတာကတော့
အတွေးက စွဲလမ်းနေတာ။
addiction ထဲမှာ obsession ပါတယ်။
ထားပါတော့။

ကျွန်တော်ကတော့ စွဲလမ်းအောင်လုပ်ပြီး
အမူအကျင့်တည်ဆောက်တယ်။
စောက်တလွဲတွေ သူများနဲ့ ပြောင်းပြန်
လုပ်နေကျဆိုတော့ LOL.

ဥပမာ လူတွေက အစားအသောက်
မသောင်းကြမ်းအောင် နည်းလမ်းရှာတယ်။
နောက် အချိုစွဲလမ်းတာကို ရပ်ဖို့
နည်းလမ်းရှာတယ်။​

ဒါကို ပြောင်းပြန်လုပ်တဲ့
ကျွန်တော်နည်းစနစ်က
အစားထိန်းဖို့အစား
TRE (time-restricted eating)
တစ်နည်း fasting ကိုစွဲလမ်းအောင်လုပ်တယ်။
ကာဗိုဟိုက်ဒရိုက်တွေကို ရှောင်တဲ့အစား
အရွက်တွေကို စွဲလမ်းအောင်လုပ်တယ်။

ဘာနဲ့တူလဲဆိုရင် နာကျင်မှုနှစ်ခုရှိရင်
ပိုနာတဲ့အရာကြောင့် သိပ်မနာတဲ့အရာက
အားပျော့ပြီး ပျောက်သွားတယ်။
အသည်းကွဲတဲ့ အချိန်
သွားကိုက်ကြည့်ပါလား။
သေမတတ်သွားကိုက်ရင်
အသည်းကွဲတာ နည်းနည်းလျော့သွားလိမ့်မယ်။ LOL

နောက်လူတွေက social media မှာ
dopamine over-stimulation ဖြစ်ပြီး
စွဲလမ်းတာကို ဖျောက်ဖို့ ကြိုးစားကြတယ်။​
ကျွန်တော်က social media ကပေးတဲ့
dopamine ကို အသုံးပြုပြီး
အမူအကျင့်တည်ဆောက်တဲ့နေရာမှာ
အသုံးပြုဖို့ စဥ်းစားတယ်။

ဥပမာ ကိုယ်က gym နေ့တိုင်းသွားတဲ့
ဇွဲရချင်ရင် ကိုယ့် identity ကို
ကိုယ်အရင်ပြောင်းဖို့လိုတယ်။
identity ဆိုတာ ကိုယ့်ကိုကိုယ်မြင်တာနဲ့
အများကိုယ့်ကိုမြင်တာပေါ်မူတည်ပြီး
တကယ်ဖြစ်သွားတာ။
ဒီလိုလုပ်ဖို့ စိတ်ပညာရဲ့ as if
သကဲ့သို့နည်းစနစ်ကို အသုံးပြုပြီး
social media မှာ သတ်မှတ်အချိန်ရောက်ရင်
လူတွေတွေ့အောင် တင်တာ
social media anchoring နည်းစနစ်တစ်ခုပဲ။
ဒါကိုတော့ NLP မှာ လက်တွေကိုင်ပြီး
anchoring ဆိုတာ လုပ်တဲ့
နည်းစနစ်တစ်ခုကို next level ခေါ်သွားတာ။

စာအုပ်ထဲမှာ လူတွေကို တစ်ရက်
၆ နာရီ cocaine ကိုကြိုက်သလိုချလို့ပေးလိုက်ရင်
တိုင်ပတ်ပြီး အသက်တိုကုန်မယ်ဆိုပြီး
ပြောထားတယ်။​
အလားတူပဲ pleasure ပျော်စရာတွေကို
အလွန်အကြူးလုပ်ရင် pain နာကြင်မှုနဲ့ပဲ
အဆုံးသတ်မှာ။
ဒါကြောင့် balance ဆိုတဲ့အချက်လိုတယ်။

Dopamine nation ထဲကနေနေ့စဥ်ဘဝမှာ
ကျင့်သုံးလို့ရတာ

၁။ Restriction လုပ်ပါ။

2021 May လတုန်းက 15 ရက်
တရားစခန်းဝင်ပြီး digital detox လုပ်တာ
တော်တော်လေး သိသာတယ်။​
Digital Detox တင်မဟုတ်ဘူး
fasting လုပ်တာမျိုး။
ကိုယ့်ကို ပျော်ရွင်စေတဲ့အရာတွေကို
indulge အပျော်မလွယ်စေပဲ
ကန့်သတ်တာမျိုး။
အချိန်ကာလတစ်ခု
abstinence from sex လုပ်တာမျိုး။
တရုတ် ထိုက်ကျိမှာဆို chi ဓာတ်ကို
အလဟသ အဆုံးရှုံးမခံတာမျိုး။

၂။ Guilt ဖြစ်စေတဲ့အရာတွေရှောင်ပါ။​

Porn addiction ဆိုတာ တော်တော်
ဆိုးတဲ့ ကိစ္စတစ်ခုလို့ဆိုတယ်။
Shame နဲ့ Guilt တောင်မတူတာ
author က ရှင်းပြတယ်။​
Shame က အရှက်ရတာ။
Guilt က ကိုယ့်ကိုကိုယ် အကောင်းမြင်တယ်။
ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ မကောင်းတဲ့
အပြုအမူတစ်ခုကြောင့် ကိုယ့်ကိုကိုယ်အပစ်တင်မိနေတာ။

ဒီလို ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေကို
ကျော်လွှားနိုင်ဖို့ လူအထင်သေးနိုင်ရင်တောင်
အမှန်အတိုင်းပြောပါ။

၃။ နာကျင်မှုကိုအသုံးပြုပြီး
ပျော်ရွင်မှုကို ဖန်တီးပါ။​

နိုင်ငံခြားမှာ cold shower လုပ်တာမျိုး၊​
ရေခဲနဲ့ မနက်အစောချိုးတာမျိုး၊
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး။
ကိုယ့်ရဲ့ boundaries ထက်ကျော်တဲ့
အရာကို push လုပ်တာမျိုး။

cardio လုပ်တဲ့အခါ
ဗိုက်ရိုက်တဲ့အခါ ငါးစက္ကန့်ပြီးရင်
ပြီးပြီဆိုတာကြည့်ပြီး ကြိုးစားအားထုတ်
အားကစားလုပ်ပြီး ငါးစက္ကန့်ပြည့်သွားတဲ့အချိန်
ခံစားချက်ကို လုပ်ဖူးသူတိုင်းသိလိမ့်မယ်။

၄။ စွဲလမ်းမှုတွေက ဒုက္ခပေးနိုင်တယ်။

ဂိမ်းစွဲသလိုပဲ အလုပ်ကိုစွဲလမ်းနိုင်တယ်။
အလုပ်တစ်ခု ပြီးမြောက်တိုင်း
dopamine ထွက်တဲ့အတွက်
workaholic တွေဖြစ်လာပြီး
ပတ်ဝန်းကျင်နဲ့ ကင်းကွာလာတာတွေ
ဖြစ်နိုင်တယ်။
စွဲလမ်းမှုတွေကို ပြန်သုံးသပ်ဖို့လိုနိုင်တယ်။​

၅။ Drug of Choice

ကိုယ့်ရဲ့ "လက်ရွေးစင်ဆေး" ကဘာလဲ။
လူတိုင်းက မသိလိုက် မသိဖာသာ
ဆေးစွဲနေကြတယ်။
ဒါကို "Drug of Choice" လို့ခေါ်တယ်။

တချို့က shopping နဲ့ အပန်းဖြေတယ်။
တချို့က ရတနာတွေစုရင်း အပန်းဖြေတယ်။
တချို့က affordable luxury လေးတွေဖြစ်တဲ့
coffee နဲ့ အပန်းဖြေတယ်။​
တချို့က ကိုရီးယားအချစ်ကားကြည့်
အပန်းဖြေတယ်။​
တချို့က ဝိုင်သောက်တယ်။
တချို့က အတင်းပြောတယ်။
တချို့က စာဖတ်တယ်။
တချို့က အရွက်တွေရှူတယ်။

လူတိုင်းရဲ့ "လက်ရွေးစင်ဆေး"
drug of choice ရှိတတ်ကြတယ်။​
ဒီဆေးသုံးလိုက်တိုင်း
ဦးနှောက်ရဲ့ ဆုပေးမှုအဖွဲ့အစည်းကို
သွားလှုံ့ဆော်တယ်။

ကိုယ့်ရဲ့ ပျော်ရွင်မှုအတွက်
လက်ရွေးစင်ဆေးက
ဘေးဥပတ်မဖြစ်ဖို့လိုတယ်။

Phyo Paing @ Derek
#drphyopaing
#DerekDaily #Drphyopaing #Marketing #Digital Marketing #MarketingMyanmar #Motivation

မပျော်ချင်ရင် ဒါကို မကြည့်နဲ့ - Dopamine Nation

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ - Breaking the habit of being yourself

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ - Breaking the habit of being yourself

မဟာဗျူဟာမရှိရင် ကျဆုံးဖို့များတယ်။ - The 33 Strategies of War

မဟာဗျူဟာမရှိရင် ကျဆုံးဖို့များတယ်။ - The 33 Strategies of War

ခက်ခဲတဲ့အလုပ်တွေလုပ်ချင်လာအောင် ဦးနှောက်ကို ဘယ်လို ကုစားမလဲ အပိုင်း(၁)

ခက်ခဲတဲ့အလုပ်တွေလုပ်ချင်လာအောင် ဦးနှောက်ကို ဘယ်လို ကုစားမလဲ အပိုင်း(၁)

ဂျီးနိယက်ဆိုတာ ဘယ်လိုများလဲ? - The hidden habits of genius

ဂျီးနိယက်ဆိုတာ ဘယ်လိုများလဲ? - The hidden habits of genius

ဣစ္ဆာသယ စိတ်ပညာ (ပီမိုးနင်း)

ဣစ္ဆာသယ စိတ်ပညာ (ပီမိုးနင်း)

လူတွေ မမှတ်မိလောက်အောင် တိုးတက်‌ပြောင်းလဲလိုက်ပါ - Dr Phyo Paing Audio book အစ - အဆုံး

လူတွေ မမှတ်မိလောက်အောင် တိုးတက်‌ပြောင်းလဲလိုက်ပါ - Dr Phyo Paing Audio book အစ - အဆုံး

လူတိုင်းလုပ်သင့်တဲ့ Andrew Huberman ရဲ့ Optimal Morning Routine

လူတိုင်းလုပ်သင့်တဲ့ Andrew Huberman ရဲ့ Optimal Morning Routine

Если Вам Задают Эти 5 Вопросов — Вами Пытаются Манипулировать - Карл Юнг

Если Вам Задают Эти 5 Вопросов — Вами Пытаются Манипулировать - Карл Юнг

စီးပွားရေး၊Marketing၊စာအုပ်၊Motivation အကြောင်းဆွေးနွေး။

စီးပွားရေး၊Marketing၊စာအုပ်၊Motivation အကြောင်းဆွေးနွေး။

Psycho မတတ်လို့ ထိုင်မငိုချင်ရင် ဒါကြည့်။

Psycho မတတ်လို့ ထိုင်မငိုချင်ရင် ဒါကြည့်။

မိနစ်(၄၀)အတွင်း

မိနစ်(၄၀)အတွင်း "မသိစိတ်၏စွမ်းအား" အနှစ်ချုပ် - The Power Of Subconscious Mind Summary in Myanmar

အောင်မြင်ချင်ရင် ဒါကိုကြည့် - Success: Why you fail where others succeed

အောင်မြင်ချင်ရင် ဒါကိုကြည့် - Success: Why you fail where others succeed

ဘဝတွေ မတူကြခြင်း၏ အဓိကအကြောင်းရင်း (နှင့်) သမာဒိဌိ (ပညာ) ၏ စွမ်းအား

ဘဝတွေ မတူကြခြင်း၏ အဓိကအကြောင်းရင်း (နှင့်) သမာဒိဌိ (ပညာ) ၏ စွမ်းအား

Self Respect - ‌‌ဒေါက်တာ ဖြိုးသီဟ Dr Phyo Thiha

Self Respect - ‌‌ဒေါက်တာ ဖြိုးသီဟ Dr Phyo Thiha

ခက်ခဲတဲ့အလုပ်တွေကို လုပ်နိုင်လာအောင် (Dopamine Detox)

ခက်ခဲတဲ့အလုပ်တွေကို လုပ်နိုင်လာအောင် (Dopamine Detox)

သီချင်းနားထောင်ရင်း တိုးတက်အောင်လုပ်လို့ရတယ် - This is your brain on music

သီချင်းနားထောင်ရင်း တိုးတက်အောင်လုပ်လို့ရတယ် - This is your brain on music

အကြံဥာဏ်ဖြင့် ကြီးပွားခြင်း Think and Grow Rich

အကြံဥာဏ်ဖြင့် ကြီးပွားခြင်း Think and Grow Rich

အသက် ၃၀ မှာ ရခဲ့တဲ့ သင်ခန်းစာ အခု (၂၀)

အသက် ၃၀ မှာ ရခဲ့တဲ့ သင်ခန်းစာ အခု (၂၀)

Podcast With Terry Win | အစအဆုံး

Podcast With Terry Win | အစအဆုံး

နေ့တိုင်း တစ်နေ့ကို 1% ပဲပိုကောင်းလာပါစေ  Atomic habbit, detail summary.

နေ့တိုင်း တစ်နေ့ကို 1% ပဲပိုကောင်းလာပါစေ Atomic habbit, detail summary.

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]