ပြည်လုံးကျွတ် အသံတိတ်သပိတ် တကမ္ဘာလုံးကြားအောင် လုပ်မယ် (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-12-09
Просмотров: 29740
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြည်လုံးကျွတ် အသံတိတ်သပိတ် ဆင်နွှဲကြပြီး မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို တမ္ဘာလုံးကြားအောင်လုပ်ဆောင်သွားမယ်လို့ လူထုသပိတ် ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ဧရာဝတီနဲ့သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
ဒီသပိတ်မှာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ စစ်ကော်မရှင်ကလုပ်ဆောင်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး နဲ့ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးတို့ကို တောင်းဆိုသွားကြမယ်လို့ သပိတ်အင်အားစုတွေက အသိပေးထားပါတယ်။
ပြည်လုံးကျွတ်အသံတိတ်သပိတ်မှာ ပြည်သူတွေပါဝင်ကြဖို့အတွက် လူထုသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာ တေဇာစန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး လုံခြုံရေးအထပ်ထပ်ချထားတဲ့ မန္တလေးမြို့လယ်၊ ဈေးချိုတော် အနီးမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ဟောပြောစည်းရုံးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူလည်းဖြစ် မန္တလေးလူထု သပိတ်ဦးဆောင် တဦးလည်းဖြစ်တဲ့ ဒေါက်တာ တေဇာစန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #အသံတိတ်သပိတ် #ဒေါက်တာတေဇာစန်း #SilentStrike #Election #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: