"တရုတ်ကို ဘယ်လို ဆက်ဆံသင့်သလဲ"
Автор: RFA လွတ်လပ်တဲ့အာရှအသံ
Загружено: 2024-09-06
Просмотров: 403430
RFA စကားဝိုင်း
"တရုတ်ကို ဘယ်လို ဆက်ဆံသင့်သလဲ"
~~~
■ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တို့ အသီးသီး နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ သြဂုတ်လကုန်ပိုင်းမှာလည်း တရုတ်အထူးကိုယ်စားလှယ်က မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)တွေနဲ့ တွေ့ဆုံခဲ့ပြန်ပါတယ်။ ဒီလပိုင်းတွေမှာ တရုတ်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်စွက်ဖက်လာတာကို သိသိသာသာ မြင်လာရပါတယ်။
တရုတ်က TNLA ကို သတိပေးစာပို့တဲ့အကြောင်း၊ မြောက်ပိုင်းသုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီ ကြေညာလိုက်တာနဲ့ မြန်မာက တရုတ်ရဲ့စီမံကိန်းတွေအပေါ် တရုတ်စိုးရိမ်မှု စတာတွေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးမှာ တရုတ်ကို ဘယ်လိုဆက်ဆံသင့်သလဲ ဆိုတာကို ဒီတစ်ပတ်စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဝင်းမျိုးသူ၊ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောနဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။
____________
#စကားဝိုင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Subscribe ▶ http://bit.ly/2ajgBxf
မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
ဝဘ်ဆိုက် ▶ https://www.rfa.org/burmese
ဖေ့စ်ဘွတ်ခ် ▶ / rfaburmese
တွစ်တာ ▶ / rfaburmese
အင်စတာဂရမ် ▶ / rfaburmese
တယ်လီဂရမ် ▶https://t.me/rfaburmeseofficial
(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: