နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်
Автор: နေ့စဥ်ခွန်အား - Our Daily Bread Myanmar
Загружено: 2025-11-30
Просмотров: 877
တစ်ယောက်တည်း မလုပ်ပါနဲ့
https://myanmar-odb.org/2025/12/01/do...
/ myanmar.odb
/ ourdailybreadmyanmar
ယနေ့ဖတ်ရန်ကျမ်းချက် - ရောမဩဝါဒစာ ၁၂:၃-၁၅
https://odb-ministries.org/bible/mm/r...
ထင်ဟပ်ဖော်ပြချက်
တစ်ယောက်တည်း မလုပ်ပါနဲ့
ရောမ အခန်းကြီး ၁ မှ အခန်းကြီး ၁၁ တွင် ဓမ္မကြောင်းဆိုင်ရာ အခြေခံသဘောတရားကို ချမှတ်ပြီးနောက်တွင် အခန်းကြီး ၁၂သည် လက်တွေ့လိုက်လျှောက်ရန် ရှင်ပေါလု၏နှိုးဆော်ချက်အစပင် ဖြစ်သည်။ အစပိုင်းတွင် သူ၏မိသားစုကို ဖန်ဆင်းရန် ဘုရားသခင်ပြုခဲ့သောအရာကို တမန်တော်ကြီးက ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ထိုမိသားစု၏အစိတ်အပိုင်းတစ်ခုအနေဖြင့် သခင်ယေရှုကို ယုံကြည်သောသူတို့၌ များစွာသောဝမ်းမြောက်ခြင်းနှင့် ကောင်းကြီးမင်္ဂလာများသာမက တာဝန်များနှင့် အခွင့်အရေးများလည်း ရှိပေသည်။ ဥပမာ ကျွန်ုပ်တို့သည် “ညီအကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်”ရမည်ဖြစ်သည်(၁၂း၁၀)။ ဤအမိန့်တော်သည် ဓမ္မသစ်ကျမ်းတွင် တွေ့ရှိရသည့် “တစ်ယောက်နှင့်တစ်ယောက်၊ အချင်းချင်း”ဟူသည့် ဖော်ပြချက်များစွာအနက် တစ်ချက်ဖြစ်သည်။ ဤအမိန့်ညွှန်ကြားချက်သည် သခင်ခရစ်တော်၏ ခန္ဓာတော်ထဲတွင် ကျွန်ုပ်တို့ အချင်းချင်း အပြန်အလှန် ဆက်ဆံကြပုံနှင့် စပ်လျဥ်းသည့် ညွှန်ကြားချက်ဖြစ်သည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို ပြီးပြည့်စုံစွာချစ်ပြီး၊ ကျွန်ုပ်တို့လည်း အခြားသူများကို ချစ်ပြီး၊ ၎င်းတို့၏ ဝမ်းနည်းခြင်း၊ ဝမ်းမြောက်ခြင်းတို့ကို မျှဝေခံစားနိုင်အောင် ကျွန်ုပ်တို့ကို မစကူညီပါသည်။
စာရေးသူ - ဘေလ်ခရောက်ဒါ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: