Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

နာမည်ကျော်ကြားလှတဲ့သိုင်းပြောင်းပြန်တုတ်သိုင်းရဲ့အခြေခံကိုစပြီးတင်ပေးလိုက်ပါပြီ၊

Автор: Win Myint khukarchant

Загружено: 2024-07-13

Просмотров: 7619

Описание:

• ကျွန်တော်​ ပြောင်း​​ပြန်တုတ်သိုင်းကိုဆက်ပြီးတင်ပေးသွားပါမယ်၊သိုင်းပြောင်းပြန်အခြေခံလက်သိုင်းတင်ပေးနေတာ အခုတ်၅ခန်းရောက်ပါပြီ၊အခြေခံလက်ခန်းက၂၀ ရှိပါတယ်၊လက်အခြေခံမပြီးသေးပါဘူး၊လက်မပြီးသေးခင် တုတ်သိုင်းကိုဆက်တင်ပေးရတာအကြောင်းရှိပါတယ်၊ကျွန်တော်ဆရာကြီးနဲ့နယ်သင်တန်းတွေမှာသင်ခဲ့တဲ့စနစ်အတိုင်းပဲ ဒီအတိုင်းသင်ပေးချင်လို့ပါ၊
• နယ်မှာကျွန်တော်တို့သင်ကြတဲ့အခါ၊လက်ပိုင်းမှာပုံစံတကျရှိလာတာနဲ့တုတ်ကိုဖြတ်ပြီးသင်ပေးပါတယ်၊သင်တန်းသားတွေအနေနဲ့လည်းအီမနေတော့ပဲ သင်တန်းမှာတက်ကြွပြီးပိုပျော်ကြပါတယ်၊အတတ်လည်းပို​ပြီးမြန်ပါတယ်၊
• ကျွန်တော်တင်ပေးနေတဲ့ပညာရပ်ကိုလိုက်ပြီးလေ့လာအားထုတ်ကြတဲ့ဝါသနာရှင်တွေအနေနဲ့လည်း၊ဆရာကြီးလက်ထက်ကအတိုင်းခံစားတက်ကြွနိုင်ကြစေဖို့၊လက်တခုတည်းမှာမျောမနေကြရအောင် တုတ်သိုင်းကိုကြားဖြတ်ပြီးတင်ပေးပါတယ်၊သဘောပေါက်ခွင့်လွှတ်နိုင်ကြပါစေ၊
• ကျွန်တော်တို့တုတ်သိုင်းဟာလက်သိုင်းနဲ့ပုံသဏ္ဍန်ဟန်ပန်အတူတူပါပဲ၊လက်ထဲမှာတုတ်ကိုင်ထားပေမယ့်ခြေလက်အသွားအလာတွေဟာလက်သိုင်းကွက်နဲ့ထပ်တူထပ်မျှပါပဲ၊လက်မှာ (ပယ်၊ခုတ်၊မ၊ခွဲ)သွားသလို တုတ်နဲ့ ပယ်၊ခုတ်၊မ၊ခွဲ လုပ်တာပါပဲ၊တုတ်အခေါ်နဲ့ခေါ်တာပဲကွာပါတယ်၊ခြေလက်အထားအသို၊အကွက်အလှည့်အပြောင်း၊အားစီးမျောမှု၊ဘယ်ခြေညာလက်ပေါ်မှာအခြေခံတာကအစတူပါတယ်၊လက်၊တုတ်၊ဒါး၊လှံ၊ပညာရပ်အားလုံးဟာ သဘောတရားတခုတည်းအပေါ်မှာတညီတညွတ်တည်းရှိကြပြီး၊အခြေခံတသမတ်တည်းရှိနေကြပါတယ်၊ဒီအကြောင်းတရားကပဲ သိုင်းပြောင်းပြန်ပညာဆိုတာ စနစ်ကျနလှတဲ့ ပညာရပ်တခုဆိုတာ တခြားသက်သေမလိုအောင်ထင်ရှားနေတာပါ၊

• သိုင်းပြောင်းပြန်တုတ်သိုင်းဟာ၊စည်းကမ်းစနစ်နဲ့ပြည့်စုံလှပါတယ်၊တုတ်ရွေးတဲ့အခါမိမိလက်တကိုင်လက်တဆုတ်တနိုင်ဖြစ်ရပါမယ်၊တုတ်အရှည်ကတော့မိမိအရပ်နဲ့တိုင်းမယ်ဆို တုတ်ထောက်ထားမယ်ဆို မိမိနဖူးဆံစ နေရာအထိရှည်ပါမယ်၊လက်အလံနဲ့တိုင်းမယ်ဆိုလက်နှစ်ဖက်ဆန့်လိုက်ရင် လက်ဖဝါးအဆုံးလောက်ရှည်ရပါမယ်၊မိမိရဲ့လက်တလံနီးပါးလို့ပြောရပါမယ်၊သိုင်းကွက်ကစားတဲ့အခါတုတ်ဆွဲပြီးရိုက်တဲ့အခါလက်နဲ့တုတ်ကွက်တိဖြစ်စေမယ့်အရှည်ဖြစ်ပါတယ်၊လက်နောက်မှာတုတ်စ မကျန်သလိုလက်နဲ့ကွက်တိဖြစ်လို့လက်ကနေလွတ်သွားတာမျိုးလည်းမရှိနိုင်တော့ပါဘူး၊ကစားတဲ့အခါသပ်သပ်ရပ်ရပ်နဲ့စနစ်ကျနစေမယ့်တုတ်အရှည်ဖြစ်ပါတယ်၊တုတ်အရှည်နဲ့အရွယ်အစားကိုအခုလိုရွေးချယ်ပြီးကစားမှသာတကယ်ကျွမ်းကျင်ပြီးသပ်ရပ်တဲ့ တုတ်သိုင်းကစားကွက်တွေဖြစ်လာမှာပါ၊
သိုင်းဝါသနာရှင်အပေါင်းတို့တိတိကျကျမှန်မှန်ကန်ကန်သပ်သပ်ရပ်ရပ် လေ့ကျင့်ကစားနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။


            ဝင်းမြင့်(သိုင်းပြောင်းပြန်)

နာမည်ကျော်ကြားလှတဲ့သိုင်းပြောင်းပြန်တုတ်သိုင်းရဲ့အခြေခံကိုစပြီးတင်ပေးလိုက်ပါပြီ၊

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

တုတ်ထမ်းအလိန်

တုတ်ထမ်းအလိန်

7 самых опасных продуктов на завтрак, 98% едят это каждый день.

7 самых опасных продуктов на завтрак, 98% едят это каждый день.

ဒီနေ့တော့ အခြေခံလက်ခန်း၂၀ထဲက အခုတ်နံပါတ်(၃)ဖြစ်တဲ့အောက်ခတ်ဝိုက်ခုတ်ကစားကွက်ကိုတင်ပေးလိုက်ပါတယ်၊

ဒီနေ့တော့ အခြေခံလက်ခန်း၂၀ထဲက အခုတ်နံပါတ်(၃)ဖြစ်တဲ့အောက်ခတ်ဝိုက်ခုတ်ကစားကွက်ကိုတင်ပေးလိုက်ပါတယ်၊

သိုင်းပြောင်းပြန်တုတ်သိုင်းအပိုင်း ၃ ကို တင်ပေးလိုက်ပါတယ်၊

သိုင်းပြောင်းပြန်တုတ်သိုင်းအပိုင်း ၃ ကို တင်ပေးလိုက်ပါတယ်၊

သိုင်းပြောင်းပြန်ပညာ(.ပယ်. ခုတ်. မ. ခွဲ. )ကို ပိုပြီးတိတိကျကျသိရအောင်၊  တင်ပေးလိုက်ပါတယ်။

သိုင်းပြောင်းပြန်ပညာ(.ပယ်. ခုတ်. မ. ခွဲ. )ကို ပိုပြီးတိတိကျကျသိရအောင်၊ တင်ပေးလိုက်ပါတယ်။

ခိုးဆိုးလုယက်ရန်ကာကွယ်ဖို့ သိုင်းပြောင်းပြန်တက်ထားကြပါစို့

ခိုးဆိုးလုယက်ရန်ကာကွယ်ဖို့ သိုင်းပြောင်းပြန်တက်ထားကြပါစို့

သိုင်းပြောင်းပြန် ဓားတစ်လက်လိုက်ပါလေ့ကျင့်ဖို့အတွက် #သိုင်းပြောင်းပြန် #ဓားတစ်လက်ခန်း

သိုင်းပြောင်းပြန် ဓားတစ်လက်လိုက်ပါလေ့ကျင့်ဖို့အတွက် #သိုင်းပြောင်းပြန် #ဓားတစ်လက်ခန်း

တုတ်ခန်းကိုပဲအပိုင်း၂ ဆက်ပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ၊

တုတ်ခန်းကိုပဲအပိုင်း၂ ဆက်ပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ၊

သိုင်းပြောင်းပြန်၏ထူးခြားချက်များ အပိုင်း (၁၂)

သိုင်းပြောင်းပြန်၏ထူးခြားချက်များ အပိုင်း (၁၂)

အမှတ်စဥ်(၁)ခြသေ်ထိုင်ယိမ်းနည်းနှင့်နှစ်ပိုင်းတစ်ပိုင်းယိမ်းနည်းအသုံးပြု၍ပြန်လည်တိုက်ခိုက်နည်း

အမှတ်စဥ်(၁)ခြသေ်ထိုင်ယိမ်းနည်းနှင့်နှစ်ပိုင်းတစ်ပိုင်းယိမ်းနည်းအသုံးပြု၍ပြန်လည်တိုက်ခိုက်နည်း

Thaing Byaung Byan _ Hand Form Applications _ Grand Master Oo Hla Myaing

Thaing Byaung Byan _ Hand Form Applications _ Grand Master Oo Hla Myaing

မြန်မာ့သိုင်း (ဗန်တို) အခြေခံ ၆၃ လေ့ကျင့်ရေး သီချင်း

မြန်မာ့သိုင်း (ဗန်တို) အခြေခံ ၆၃ လေ့ကျင့်ရေး သီချင်း

သိုင်းပြောင်းပြန်ပညာအခြေခံလက်ခန်း၂၀ထဲကအခုတ်နံပါတ်၅ကိုတင်ပြပေးလိုက်ပါတယ်။

သိုင်းပြောင်းပြန်ပညာအခြေခံလက်ခန်း၂၀ထဲကအခုတ်နံပါတ်၅ကိုတင်ပြပေးလိုက်ပါတယ်။

မြန်မာ့သိုင်း ဓားတစ်လက် အခြေခံ ဓားလမ်း(၉) ဝါသနာရှင်များအတွက်ပါ ဆရာကြီးများအားရိုသေလေးစားလျှက်

မြန်မာ့သိုင်း ဓားတစ်လက် အခြေခံ ဓားလမ်း(၉) ဝါသနာရှင်များအတွက်ပါ ဆရာကြီးများအားရိုသေလေးစားလျှက်

Myanmar Thaing (Bando basic self defense techniques from knife)

Myanmar Thaing (Bando basic self defense techniques from knife)

အမေးများတဲ့ပြောင်းပြန်*ထူးတုတ်*ကိုအမြွက်မျှဖေါ်ပြလိုက်ပါတယ်

အမေးများတဲ့ပြောင်းပြန်*ထူးတုတ်*ကိုအမြွက်မျှဖေါ်ပြလိုက်ပါတယ်

Thaing Byaung Byan - Sayargyi U Aung Thein (Thanlyin) Part 2

Thaing Byaung Byan - Sayargyi U Aung Thein (Thanlyin) Part 2

အခြေခံနှစ်ကွက်တန်းနဲ့ကစားရတဲ့ ကစားကွက်ကိုပဲအဖိုးပြခဲ့တဲ့အတိုင်းပြန်လည်ဝေငှလိုက်ပါတယ်၊

အခြေခံနှစ်ကွက်တန်းနဲ့ကစားရတဲ့ ကစားကွက်ကိုပဲအဖိုးပြခဲ့တဲ့အတိုင်းပြန်လည်ဝေငှလိုက်ပါတယ်၊

Сила и дух: документальный фильм о каратэ Уэчи-рю.

Сила и дух: документальный фильм о каратэ Уэчи-рю.

Trainning in Thaing Byaung Byan part (2)

Trainning in Thaing Byaung Byan part (2)

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com