ကြက်များတွင် ကာကွယ်ဆေးထိုးနည်းများ၊ ကြက်မွေးမြူရေးနှင့် ကာကွယ်ဆေးပေးနည်း ၆နည်း
Автор: Khaingbowin_Farmer
Загружено: 2025-11-11
Просмотров: 888
ကြက်များတွင် ကာကွယ်ဆေးထိုးနည်းများ၊
ကြက်ရောဂါများနှင့် ကာကွယ်ခြင်း၊ကြက်မွေး
မြူရေးနှင့် ကာကွယ်ဆေးပေးနည်း ၆နည်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
မင်္ဂလာပါခင်ဗျာ။ကျနော်ကတော့
ခိုင်ဘိုဝင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကြက်
မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက်
ကာကွယ်ဆေးပေးနည်း၆နည်းအကြောင်းကို
မျှဝေပေးသွားပါမယ်။ ကြက်မွေးမြူရေးလုပ်
ကိုင်နေသူများအတွက် အခုပြောပြသွားမယ့်
ကာကွယ်ဆေးပေးနည်း ၆နည်းကအသုံးဝင်
မယ်လို့ မျှော်လင့်ပါတယ်။ ဟုတ်ကဲ့ပါ။ဒီကာ
ကွယ်ဆေးပေးနည်း၆နည်းအကြောင်း စိတ်ဝင်
စားတယ်ဆိုရင်တော့ ကျနော်နှင့်အတူ ဗီဒီယိုကို
အဆုံးအထိလိုက်ပါကြည့်ရှုလိုက်ပါခင်ဗျ။ကာကွယ်ဆေးထိုးခြင်းဆိုတာ ကျွန်တော်အရင်
က ပြောဖူးသလိုပါပဲ၊ ကာကွယ်ဆေးထိုးတယ်
ဆိုတာက ရောဂါပိုး သို့မဟုတ် ရောဂါပိုးရဲ့အ
စိတ်အပိုင်းတွေကို ခန္ဓာကိုယ်ထဲ ထိုးသွင်းပေး
ခြင်းဖြစ်ပါတယ်။ အဲဒီလိုတိရိစ္ဆာန်ခန္ဓာကိုယ်ထဲ
ကို ရောဂါပိုးကိုထိုးသွင်းပေးခြင်းအားဖြင့်
ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေ ဝင်ရောက်လာတဲ့
အခါ ထိုးသွင်းထားတဲ့ရောဂါပိုးတွေက အပြင်
ရောဂါပိုးဝင်ရောက်လာတာကိုသိရှိပြီး ထိုပိုးအ
မျိုးအစား သို့မဟုတ် ရောဂါအမျိုးအစားအတွက်
ကိုယ်ခံစွမ်းအား သို့မဟုတ်(ခုခံအား)ကို တိုးပွား
လာစေဖို့ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ကာကွယ်
ဆေး အမျိုးအစားတစ်ခုချင်းစီမှာ ထိုးသွင်း
တဲ့နည်းလမ်းတွေဟာ မတူညီကွဲပြားပါတယ်။
ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေး ပြုလုပ်
တဲ့ လုပ်ငန်းစဉ် (သို့မဟုတ်) ကာကွယ်ဆေး
ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တစ်ခုစီဟာ မတူညီ
ကြလို့ပါပဲ။
ကာကွယ်ဆေးထိုးနည်းလမ်း၁ကတော့
မျက်လုံးသို့မဟုတ်နှာခေါင်းပေါက်ကို အစက်
ချပေးခြင်းဖြစ်ပါတယ်။မျက်လုံးနှင့်နှာခေါင်း
ကိုကာကွယ်ဆေးပေးတဲ့အခါ နှစ်ခုလုံးကို ပေး
ဆောင်ရတာတော့မဟုတ်ပါဘူး။နှာခေါင်းကို
အစက်ချလို့ရသလို မျက်လုံးထဲကိုလည်း အ
စက်ချလို့ရပါတယ်။ နှစ်ခုထဲက တစ်ခုခုကို
လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်
ရာကို ရွေးချယ်ပေးနိုင်ပါတယ်။မျက်စိ သို့မဟုတ်
နှာခေါင်းပေါက်သို့ ကာကွယ်ဆေးပေးခြင်းကို များသောအားဖြင့် အသက်ရှိပိုး _ပိုးရှင်ကာ
ကွယ်ဆေး ပါဝင်သော ကာကွယ်ဆေး (Live
Vaccine) များဖြင့် ပြုလုပ်ထားလေ့ရှိပါတယ်။
ဒီပိုးရှင်ကာကွယ်ဆေးဟာအသက်ရှူလမ်း
ကြောင်းဆိုင်ရာ ရောဂါများနှင့် အာရုံကြောစနစ်
များကိုထိခိုက်စေသောရောဂါများကို ကာကွယ်
ရန်အတွက် ဖြစ်ပါတယ်။ ဒီပိုးရှင်ကာကွယ်ဆေး
ကို ဥပမာအားဖြင့်၊ နယူးကာဆယ်ရောဂါ (New
castle Disease) နှင့် ကူးစက်တတ်သော လေ
ပြွန်ရောင် (Infectious Bronchitis) ရောဂါတို့
တွေမှာ အသုံးပြုကြပါတယ်။ဒီဆေးအသုံးပြု
နည်းကိုတော့ သုတေသီများက အသုံးပြုရန်ပ
မာဏကိုတွက်ချက်ထားပြီးဖြစ်ပါတယ်။ ဒါ
ကြောင့်ကြက်တွေကို ကာကွယ်ဆေးပေးတဲ့အ
ခါတစ်ကောင်လျှင် တစ်စက် သို့မဟုတ် တစ်ဒိုစ့်
(One dose) နှစ်စက်သို့မဟုတ် နှစ်ဒို့စ်အသုံးပြု
ဖို့အကြံပြုထားပါတယ်။ကာကွယ်ဆေးပုလင်း
ထဲမှာ ရောဂါပိုး ပမာဏ ဘယ်လောက်ပါသလဲ၊
ဘယ်လောက် ပျံ့နှံ့နိုင်သလဲ ဆိုတာကတော့
သူတို့ တွက်ချက်ထားတဲ့အတိုင်း ဖြစ်ပါတယ်။
ဒီပိုးရှင်ကာကွယ်ဆေးရဲ့ပုံစံကတော့ အခြောက်
ခံထားတဲ့ အမှုန့်ပုစံဖြစ်ပါတယ်။ တစ်ချို့ဆေး
တွေကျတော့လည်း အစိုင်အခဲပုံစံရှိပါတယ်။ဒီ
ဆေးကို ကျနော်တို့က နေရောင်ခြည်နှင့် ထိ
တွေ့မခံဘဲ အေးသောနေရာတွင် သိမ်းဆည်း
ထားရပါမယ်။ ဒီဆေးဟာ အပူဒဏ်နေရောင်
ဒဏ်ကို လုံးဝမခံနိုင်ပါဘူး။ ကာကွယ်ဆေးပေး
နေချိန်မှာလည်း တစ်ချိန်လုံး အေးတဲ့နေရာမှာ
သိမ်းဆည်းပြီး အသုံးပြုရပါတယ်။ ဒီကာကွယ်
ဆေးမှာ ကာကွယ်ဆေးနှင့် ပျော်ဝင်ရည်ဆိုပြီး
နှစ်မျိုးပါရှိပါတယ်။ကျွန်တော်တို့ ဒီကာကွယ်
ဆေးကို အသုံးပြုတော့မယ်ဆိုရင် ကာကွယ်
ဆေးနှင့် ပျော်ဝင်ရည်ဒီဆေးပစ္စည်း နှစ်မျိုးကို
ယူဆောင်လာပြီး ရောစပ်ရပါမယ်။
ကာကွယ်ဆေးထိုးသည့်အခါ၊ ကာကွယ်
ဆေးနှင့် ပျော်ဝင်ဆေးရည် နှစ်ခုလုံးကို ယူ
ဆောင်၍ ရောစပ်ရမည်။ဆေးရည်ဖျော်တဲ့အခါ
ပျော်ဝင်ဆေးအရည် (Diluent) ကို အရင်ဆုံး ကာကွယ်ဆေးပုလင်းထဲသို့ ထည့်ရပါမယ်။
ပြီးရင် လှုပ်ခါပေးပြီး ဆေးနှစ်မျိုးလုံးပျော်ဝင်
ရောစပ်သွားအောင် သူတို့ကို ရောမွှေပေးရပါ
မယ်။ဒီဆေးနှစ်ပုလင်းလုံးကို ရောစပ်ပြီးသွားရင်
ကာကွယ်ဆေးကို နာရီ (၂) နာရီအတွင်း အပြီး
အစီး အသုံးပြုရပါမယ်။ ဆေးအသုံးပြုချိန်၂နာ
ရီထက်ကျော်လွန်သွားပါကရောဂါပိုးက သက်
တမ်းကုန်သွားပြီး အာနိသင်အစွမ်းပြယ်ကာ
သေသွားနိုင်ပါတယ်။ကြက်တွေကို ဒီဆေးကို
အစက်ချတဲ့အခါမှာ နှာခေါင်း (သို့မဟုတ်) မျက်
လုံးမှ တစ်လက်မခန့် (Inch) အကွာကနေ မြှင့်
ပြီး ချပေးရပါမယ်။ တစ်ချို့တွေက ကြက်
မျက်လုံးနှင့်အရမ်းနီးနီးကပ်ကပ်ချကြတယ်။
တစ်လက်မအောက် နည်းနည်းလျှော့ချနိုင်ပေမဲ့
လုံးဝကပ်ပြီး မချသင့်ပါဘူး။ ဘာကြောင့် ကြက်
မျက်လုံးနှင့် နီးနီးကပ်ကပ်မချသင့်တာလဲ။ဘာ
ကြောင့်မချသင့်တာလဲဆိုတော့ ကာကွယ်ဆေး
ကို အစက်ချတဲ့အခါ ပုလင်းမှ ဆေးရည်ဟာ
တစ်စက်အပြည့် ကျဆင်းဖို့ လိုအပ်ပါတယ်။
အကယ်လို့ကာကွယ်ဆေးအစက်ချတဲ့အခါအ
စက်ချတဲ့အပေါက်ကိုမျက်လုံးနဲ့ကပ်ထားရင်
ဆေးစက်ဟာ အပြည့်အဝကျခြင်းရှိမရှိ မသိနိုင်
ဘဲတစ်ခါတစ်ရံမှာ လိုအပ်တဲ့ပမာဏ တစ်စက်
တစ်ဒိုစ့် မပြည့်ဘဲ ထွက်လာတာကို မြင်လိုက်ရုံ
နှင့် လွှတ်လိုက်မိနိုင်ပြီးလိုအပ်တဲ့ ပမာဏ မ
ပြည့်မီတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ကာကွယ်
ဆေးက လိုအပ်တဲ့ပမာဏမပြည့်မီရင် အကျိုး
မရှိနိုင်ပါဘူး။ဒါကြောင့် အနည်းငယ် ခွာချရတာ
ဖြစ်ပါတယ်။
♏♏♏♏♏♏
#ကြက်များတွင်ကာကွယ်ဆေးထိုးနည်းများ
#ကြက်မွေးမြူရေး #ကြက်ဆေးဝါး
#မွေးမြူရေး #ကြက်ရောဂါများနှင့်ကာကွယ်ခြင်း
#ကြက်မွေးမြူရေးနှင့်ဆေးကဏ္ဍ
#ကြက်မြူရေးနှင့်ကာကွယ်ဆေးပေးနည်း၆နည်း
#နယူးကာဆယ်နှင့်လည်ချောင်းနာရောဂါကာကွယ်ဆေးပေးနည်း
#ကြက်ရောဂါကာကွယ်ဆေးပေးနည်း
#ကြက်ကျောက်ရောဂါကာကွယ်ဆေးပေးနည်း
#ကြက်ဘဲကာလဝမ်းရောဂါကာကွယ်ဆေးပေးနည်း
#ကြက်မျက်လုံးနှင့်နှာခေါင်းကိုအစက်ချကာကွယ်ဆေးပေးနည်း
#ပိုးရှင်ကာကွယ်ဆေး #ပိုးသေကာကွယ်တေး
#ကြက်ကာကွယ်ဆေး #အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
#အာရုံကြောစနစ်များကိုထိခိုက်စေသောရောဂါများ
#တောင်ပံဖောက်ပြီးကာကွယ်ဆေးပေးခြင်း
#ရင်အုံကြွက်သားကိုကာကွယ်ဆေးပေးခြင်း
#ပေါင်ကြွက်သားကိုကာကွယ်ဆေးပေးခြင်း
#အလိုအလျှောက်စနစ်နှင့်ကာကွယ်ဆေးပေးခြင်း
#ပက်ဖြန်းပြီးကာကွယ်ဆေးပေးခြင်း
@အမာခံပရိသတ်များ
Khaingbowin&Farmer
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: