မင်းလူ_သူငယ်ချင်းတစ်ယောက်အကြောင်း(စ/ဆုံး)၊ စာဖတ်သူ_ဇော်ရဲလင်း
Автор: Zaw Ye Linn Audio Library
Загружено: 2021-10-12
Просмотров: 116569
ယခု စာအုပ်သည် ဝတ္ထုစာအုပ်ဟု ဆိုရအောင်လဲ စာရေးဆရာမင်းလူက စိတ်ကူးယဉ် ပုံဖော်ထားသော ဇာတ်လမ်းမဟုတ်ပါ။
အထုပ္ပတ္တိဟုခေါ်ရအောင်လဲ စာရေးသူပြောပြထားသည့် စိန်ကြောင်ဆိုသူမှာ နာမည်ကြီးအထင်ကရပုဂ္ဂိုလ်တစ်ဦးမဟုတ်။
ထို့ကြောင့် ဤစာအုပ်သည် စာအုပ်အမျိုးအစားဖော်ပြရန်မှာ ခက်ခဲနိုင်ပေလိမ့်မည်။
သို့သော် လက်တွေ့ဘဝထဲက ထဲထဲဝင်ဝင်သိသော လူတစ်ဦးတစ်ယောက်အကြောင်းကို အမှီပြု၍ ထိုသူနှင့်ပက်သက်သော အလေ့အကျင့်၊ စရိုက်၊ ဝါသနာ၊ အပေါင်းအသင်း၊ ယူဆချက်တို့ကို ကောင်း၏ ဆိုး၏ဟူ၍ ဘက်မလိုက်တမ်းရေးသားပုံဖော်ထားသောကြောင့် နားဆင်ဖတ်ရှုသူတိုင်း သဘောကျနှစ်ခြိုက်စေမယ့် စာအုပ်တစ်အုပ်ဟု ယုံကြည်ပါသည်။
ထိုထက်သေချာသည်မှာ ယခုစာအုပ်ထဲတွင် ဖော်ပြပါရှိသည့် စိန်ကြောင်ဆိုသူ စီးပွါးရေးသမားတစ်ယောက်လိုမျိုး လူတွေအကြောင်းနပ်သလို တစ်ခါတစ်ခါ လူတွေကို နှပ်ချတတ်သည့် သူမျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်လည်း အနည်းအများဆိုသလို သေချာပေါက်တွေ့မြင်နိုင်ပါတယ်။
ဒီတော့ ဒီစာအုပ်ကို ဖတ်ရှုနားဆင်ပြီး လူတွေ့အကြောင်းကို မျှော်မှန်းထားတာထက် ပိုသိရမှာဖြစ်သလို၊ လူတွေနှပ်တာမခံရဖို့ပါ တစ်နည်းနည်းဖြင့် အကျိုးပြုပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ယခု မျှဝေထားသော အသံဖိုင်မှာ အစ/အဆုံး ဖော်ပြထားတာဖြစ်ပါတယ်။
အပိုင်းတစ်ပိုင်းချင်းခွဲပြီး နားဆင်လိုပါကလည်း ကျွန်တော်တို့ရဲ့ Channel မှာ ဝင်ရောက်နားဆင်နိုင်ပါတယ်ခင်ဗျ။
Subscribe လုပ်ထားပြီး အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာများကိုလည်း နားဆင်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။
စာရေးဆရာမင်းလူနှင့်အတူ ကြည့်ရှုနားသောတဆင်သူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
#အသံစာအုပ် #အစ_အဆုံး
#သူငယ်ချင်းတစ်ယောက်အကြောင်း
#မင်းလူ #audiobook
#min_lu #myanmar_author #writer
#about_a_friend
#zawyelinnaudiolibrary
#myanmar_audiobooks
#burmese_literature
#audiofile #reading_a_book
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: