သံတွဲမြို့နယ်မှာရှိတဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေတချို့ကို စစ်ကော်မရှင်နေဗီက ဖမ်းဆီး
Автор: Narinjara TV News
Загружено: 2026-01-26
Просмотров: 878
သံတွဲမြို့နယ်မှာရှိတဲ့ ပင်လယ်ပြင်မှာ မိသားစုစားဝတ်နေရေးအတွက် ငါးဖမ်းထွက်တဲ့ ငါးဖမ်းစက်လှေတချို့ကို စစ်ကော်မရှင်နေဗီက ဖမ်းဆီး
နိရဉ္စရာ၊ ဇန်နဝါရီ ၂၆ /၂ဝ၂၆
ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာရှိတဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်နေတဲ့ ဒေသခံငါးဖမ်းစက်လှေ ၅ စီး ကို စစ်ကော်မရှင်နေဗီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အခု ဇန်နဝါရီလ တတိယအပတ်အတွင်းက သံတွဲပင်လယ်ပြင်မှာ ဒေသခံငါးဖမ်းသမားတွေ ငါးဖမ်းထွက်နေတဲ့အချိန်မှာ ကင်းလှည့်နေတဲ့ စစ်ကော်မရှင်နေဗီက ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုပါတယ်။
သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်က ဒေသခံတချို့အပါအဝင် ငပလီမြို့အနီးအနားကျေးရွာတွေက ဒေသခံတွေ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်အတွင်းက သံတွဲမြို့နယ်ဟာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ မြို့နယ်တစ်ခုဖြစ်သလို လက်လုပ်လက်စားအခြေခံလူတန်းစားအများစုဟာလည်း ငါးဖမ်းလုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင်းပြုကြပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့လည်း သံတွဲပင်လယ်ပြင်မှာ စစ်ကော်မရှင်နေဗီတွေ သွားလာလှုပ်ရှားမှုတွေရှိနေတဲ့အတွက် ဒေသခံအများအပြား ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဖို့ အခက်အခဲဖြစ်နေကြတာလည်းဖြစ်ပါတယ်။
------------
Join this channel to get access to perks:
/ @narinjaratv
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။
🌐 Website
https://burmese.narinjara.com/
🌐 Twitter -
https://twitter.com/narinjaran?lang=en
🌐 Facebook -
မြန်မာစာသတင်း
/ narinjara.info
🌐 Facebook -
အင်္ဂလိပ်စာသတင်း
/ narinjaraenglish
🌐 Telegram -
https://t.me/narinjaranews
🌐 TikTok Link -
/ narinjara
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: