ဒဏ္ဍာရီ _သီချင်းအမှတ်တရများနဲ့ စတင်တီးခတ်ရန်လေ့ကျင့်ခန်း Madi - Danaryi
Автор: Zaw Latt (ROS)
Загружено: 2022-09-13
Просмотров: 17988
ဒဏ္ဍာရီ
မှတ်မှတ်ရရရှိနေတဲ့ MTV ၁ ပုဒ်ပဲဗျာ ဇဏ်ခီတို့ဇနီးမောင်နှံနဲ့စပြီးအလုပ်လုပ်ရတဲ့အပုဒ် ဒါတကယ့် Pro Director ပါလားဆိုတာ သူတို့အလုပ်ပေါ်ထားတဲ့ခံယူချက် စိတ်နှစ်ထားမှုကိုကွက်ကွက်ကွင်းကွင်းဘွားကနဲမြင်လိုက်ရတာပဲ အနောက်နိုင်ငံမှာဒါရိုက်တာဘွဲ့ရဖို့ ၉ နှစ်သင်ယူခဲ့ရတယ် ဒီမှာတော့အလွယ်တကူ ကိုယ့်ကိုယ်ကို Director ဆိုပြီးကောက်တပ်နေကြတာ အကြောင်းမသိကြလို့ပါ ခါတိုင်းတခြားလူသီချင်းတွေရိုက်ရင် T Shirt ပဲဝတ်တာများတယ် ဘယ်သူမှလည်းဘာမှမပြောကြပါဘူး အဲ ဒီသီချင်းမှာတော့ဇဏ်ခီကိုယ်တိုင်ကျနော်တို့အဖွဲ့ဝတ်ဖို့အင်္ကျီတွေ လက်မှာဝတ်ဖို့ Hand Chain တွေကအစသူစီစဉ်ပြီးယူလာတာရယ် သူ့ Crew သူ့ Cameraman တွေရဲ့စနစ်တကျတိကျသေသပ်တဲ့လုပ်ပုံကိုင်ပုံတွေကြောင့်ကျနော်သူတို့ အဖွဲ့ကိုမလေးစားပဲမနေနိုင်လို့ပြောပြရခြင်းပါ သီချင်းလေးကလဲကောင်း ဆိုတဲ့သူကလည်း Pro ဆိုတော့ဘာပြောကောင်းမလဲ ကြွေရတဲ့အထဲက ၁ ပုဒ်ပဲ
ဒဏ္ဏာရီ သီချင်းကိုမတီးခင်ကြိုလေ့ကျင့်ထားသင့်တဲ့
ညာဘက်လက်လေ့ကျင့်ခန်းလေးပါ Guitar တီးနေသမျှအမြဲလေ့ကျင့်နေရမယ့် သင်ခန်းစာလေးမို့ အခုမှစတီးစကျင့်မယ့်ညီအစ်ကိုမောင်နှမတွေကိုအမြဲလေ့ကျင့်စေချင်ပါတယ်လို့တိုက်တွန်းပါရစေအကျိုးရှိပါတယ်
#zawlattros #myanmarguitartutorial #zennkyi #ဒဏ္ဍာရီ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: