ဗန်းမောက်မှာ စခန်းကုန်းတစ်ခု၊ အလောင်း ၅ လောင်း နဲ့ လက်နက်အချို့ SNA သိမ်း
Автор: Homeland News Agency
Загружено: 2025-10-15
Просмотров: 95
ဗန်းမောက်မှာ စခန်းကုန်းတစ်ခု၊ အလောင်း ၅ လောင်း နဲ့ လက်နက်အချို့ SNA သိမ်း
Homeland News Agency၊ အောက်တိုဘာ ၁၅၊ ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာအနီးရှိ စခန်းကုန်းတစ်ခုကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က မနေ့က အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ SNA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဆိုပါ စခန်းကုန်းနဲ့အတူ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF၊ KaDu Army အလောင်း ၅ လောင်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
"ကြောင်လည်ရွာအနီးက ၅၇၁ စခန်းကုန်း SNA ပြန်သိမ်းတိုက်တယ်၊ ညနေ ၆ နာရီလောက်မှာ သိမ်းလိုက်တာ၊ ရန်သူ အလောင်း ၅ လောင်း နဲ့ သေနတ် သုံးလက်ရတယ်" လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကံရွာအနီးရှိ KIA၊ PDF၊ KaDu Army စခန်းကုန်းတစ်ခုကို SNA က သိမ်းပိုက်လိုက်သလို ဗန်းမောက်မြို့အနီးရှိ စက်တော၊ ခမိုးကျေးရွာတွေကိုလည်း ပြန်လည်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: